ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
မဿဲ 12:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူတို့၏ တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မြို့တစ်မြို့၊ သို့မဟုတ် မိသားစုတစ်စုတွင် စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။ Common Language Bible ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။- Garrad Bible ထို သူ တို့၏ စိတ် ထင် များ ကို သိ မြင် တော် မူ သော် ကိုယ် တော် က အ တွင်း၌ ကွဲ ပြား လျက် ရှိ သော နိုင် ငံ တိုင်း ပျက် စီး တတ်၏။ အ တွင်း၌ ကွဲ ပြား လျက် ရှိ သော မြို့ ရွာ အိမ် ထောင် တိုင်း လည်း တည် မြဲ မည် မ ဟုတ်။ Judson Bible ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူသဖြင့်“မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွားမည်။ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောမြို့၊ သို့မဟုတ် အိမ်ထောင်စုတိုင်းသည်လည်း တည်မြဲမည်မဟုတ်။ မြန်မာ ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- |
ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
တစ်စုံတစ်ဦး၏ အတွေးအမြင်ကို ထိုသူ၏ စိတ်ဝိညာဉ်မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ ထိုကဲ့သို့ပင် ဘုရားသခင်၏ အတွေးအမြင်ကို ဘုရားသခင်၏ ဝိညာဉ်တော်မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။
သို့သော် သင်တို့သည် အချင်းချင်း ကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးသွားမည်ဖြစ်၍ သတိပြုကြလော့။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
မြို့ကြီးသည် သုံးပိုင်းကွဲ၍ တိုင်းနိုင်ငံများ၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဘေဘီလုံမြို့ကြီး၏ အပြစ်များကို သတိရတော်မူလျက် အမျက်တော်နှင့် ပြည့်နေသော စပျစ်ဝိုင်ကို ထိုမြို့အား တိုက်တော်မူ၏။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။