သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ အဖိုးတန်အဝတ်အထည်ကို ဝတ်ဆင်သူတို့သည် နန်းတော်များ၌သာ နေကြ၏။
မဿဲ 11:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်၏တပည့်များ ထွက်သွားကြပြီးနောက် ယေရှုက ယောဟန်အကြောင်းနှင့် ဆက်စပ်၍ လူထုတို့အား ဤသို့ ဟောပြောတော်မူ၏။ ယေရှုက “သင်တို့သည် မည်ကဲ့သို့သောသူကိုရှာရန် တောသို့ ထွက်သွားကြသနည်း။ လေတိုက်လျှင် လှုပ်ယမ်းသည့် ကျူပင်ကဲ့သို့သောသူကိုလော။ Common Language Bible ယောဟန်၏တပည့်များပြန်သွားကြသောအခါ သခင်ယေရှုသည် ယောဟန်နှင့်စပ်လျဉ်း၍လူပရိ သတ်တို့အား ``သင်တို့သည်အဘယ်ကြောင့်တော ကန္တာရသို့သွားကြသနည်း။ လေတိုက်၍လှုပ်သော ကူပင်ကိုကြည့်ရှုကြရန်လော။- Garrad Bible ထို သူ တို့ ထွက် သွား ကြ သော် ယေ ရှု သည် ယော ဟန် နှင့် စပ် လျဉ်း၍ လူ ပ ရိ သတ် အား မိန့် တော် မူ သည် မှာ မည် သည့် အ ရာ ကို ရှု ကြည့် ရန် တော သို့ ထွက် သွား ကြ သ နည်း။ လေ တိုက်၍ လှုပ် နေ သော ကျူ ပင် လော။ Judson Bible ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ပြန်သွားကြသောအခါ ယေရှုသည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသောကျူပင်ကိုလော။ မြန်မာ ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- |
သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ အဖိုးတန်အဝတ်အထည်ကို ဝတ်ဆင်သူတို့သည် နန်းတော်များ၌သာ နေကြ၏။
သူသည် ကြေနေသောကျူပင်ကို မချိုး။ တငွေ့ငွေ့လောင်နေသော မီးစာကို ငြိမ်းသတ်မည်မဟုတ်။ အဆုံး၌ တရားမျှတခြင်း စိုးမိုးလာသည်ထိ ဆောင်ရွက်လိမ့်မည်။
ယောဟန်၏ နှစ်ခြင်းမင်္ဂလာပေးရသောအခွင့်အာဏာသည် ကောင်းကင်ဘုံမှ လာသလော။ လူ့ထံမှ လာသလော” ဟု မေးတော်မူ၏။ ထိုအခါ သူတို့က “ငါတို့သည် ‘ကောင်းကင်ဘုံမှ လာသည်’ ဟု ဖြေလျှင် သူက ‘ထိုသို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ယောဟန်ကို မယုံကြသနည်း’ ဟု မေးလိမ့်မည်။
ဂျေရုဆလင်မြို့သူမြို့သားများ၊ ယုဒပြည်သူပြည်သားများနှင့် ဂျော်ဒန်မြစ်ချိုင့်ဝှမ်းတစ်လျှောက်၌ နေထိုင်ကြသောသူအပေါင်းတို့သည် ယောဟန်ထံသို့ သွားကြ၏။
ထို့နောက် သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။ ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုသည် လှည့်ကြည့်၍ ထိုသူတို့လိုက်လာကြသည်ကို မြင်တော်မူလျှင် “မည်သည့်အရာကို အလိုရှိသနည်း” ဟု မေးတော်မူ၏။ ထိုသူတို့က “ရဗ္ဗိ… ကိုယ်တော်သည် အဘယ်မှာ နေတော်မူပါသနည်း” ဟု မေးလျှောက်ကြ၏။ (ရဗ္ဗိ၏ အဓိပ္ပာယ်မှာ ဆရာဖြစ်၏။)
ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကားကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ သံသယစိတ်ရှိသောသူသည် လေတိုက်၍ လှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့် တူ၏။