ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။
မဿဲ 11:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။ Common Language Bible မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။- Garrad Bible မျက် မ မြင် သူ တို့ သည် မြင် ခွင့်၊ ခြေ ဆွံ့ သူ တို့ သည် လှမ်း သွား ခွင့်၊ နူ သူ တို့ သည် သန့် ခွင့်၊ နား ပင်း သူ တို့ သည် ကြား ခွင့်၊ သေ သူ တို့ သည် ရှင် ပြန် ခွင့်၊ ဆင်း ရဲ သူ တို့ သည် သ တင်း တော် မြတ် နာ ယူ ခွင့် များ ကို ရ ကြ၏။ Judson Bible မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။ မြန်မာ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။- |
ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။
ယေရှုက ထိုသူတို့အား “သင်တို့ကြားရ၊ မြင်ရသမျှတို့ကို ပြန်သွား၍ ယောဟန်ကို ပြောကြလော့။
ထို့နောက် ယေရှုသည် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကို ဆန့်သောအခါ အခြားသောလက်တစ်ဖက်ကဲ့သို့ပင် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
ထိုအခါ ဗိမာန်တော်၌ မျက်မမြင်များနှင့် ခြေမသန်သူများသည် ကိုယ်တော်ထံသို့ လာကြသော် ကိုယ်တော်သည် သူတို့အား ကျန်းမာစေတော်မူ၏။
ယေရှုက “စိတ်အားငယ်၍ ဘုရားသခင်ကို လိုအပ်ကြောင်းသိမြင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ထိုအခါ သူတို့သည် မျက်စိမြင်လာကြ၏။ ယေရှုက “ဤအကြောင်းကို မည်သူ့ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်စွာ သတိပေးတော်မူ၏။
ထိုသူတို့သည် အလွန်အမင်း အံ့အားသင့်လျက် “ထိုအရှင်ပြုသမျှသည် အံ့ဖွယ်ဖြစ်၏။ နားမကြားသူကို ကြားစေ၍ ဆွံ့အသူကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။
ယေရှုက လူထုပရိသတ်တို့သည် စုဝေးလျက် ပြေးလာကြသည်ကို မြင်လျှင် “သူငယ်ကို ဆွံ့အနားမကြားစေသောနတ်… သူငယ်ထံမှထွက်လော့။ မည်သည့်အခါမျှ ပြန်မဝင်နှင့်၊ ငါအမိန့်ပေး၏” ဟု နတ်ဆိုးကို ဆုံးမတော်မူ၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
ယေရှုက “သင်တို့ကို ငါပြောခဲ့ပြီးဖြစ်၏။ သို့သော်လည်း သင်တို့မယုံကြည်ကြ။ ခမည်းတော်၏ အခွင့်တော်အားဖြင့် ငါပြုသော အမှုတို့သည် သက်သေဖြစ်ကြ၏။
ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့ ပသခါပွဲတော်အတွင်း ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာများကို မြင်တွေ့သောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ယုံကြည်လာကြ၏။
သူသည် ညအခါ ယေရှုထံသို့ လာပြီးလျှင် “ဆရာတော်… ဘုရားသခင်အတူရှိတော်မမူလျှင် ဆရာတော်ပြုသောနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်သည်ကို ထောက်၍ ဆရာတော်သည် ဘုရားသခင်ထံတော်မှ ကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်ပြုတော်မူသော နိမိတ်လက္ခဏာများကိုထောက်ရှု၍ ဘုရားသခင်သည် ဆရာတော်နှင့်အတူရှိတော်မူသည့် သက်သေထင်ရှားပါ၏” ဟု လျှောက်လေ၏။
သို့သော် ယောဟန်၏ သက်သေထက် ကြီးမြတ်သော သက်သေသည် ငါ၌ ရှိ၏။ ခမည်းတော်သည် ငါ့အား ထိုအမှုတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပေးအပ်တော်မူ၏။ ထိုအမှုတို့ကပင် ငါ့ကို ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။
မျက်မမြင်ကိုလည်း “ရှိလောင်ရေကန်သို့ သွား၍ ဆေးကြောလော့” ဟု မိန့်တော်မူ၏။ ရှိလောင်၏ အဓိပ္ပာယ်မှာ “စေလွှတ်သည်” ဟု ဆိုလို၏။ ထိုသူသည် သွား၍ ဆေးကြောပြီးသောအခါ မျက်စိမြင်သဖြင့် အိမ်သို့ ပြန်လေ၏။
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။