ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
မဿဲ 11:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။ Common Language Bible လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။- Garrad Bible ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။ Judson Bible ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- မြန်မာ့စံမီသမ္မာကျမ်း ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်။ မြန်မာ ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။- |
ငါ့ထမ်းပိုးကိုယူ၍ ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
သူတို့သည် လေးလံ၍ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြ။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
ပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သော ရက်မြတ်ကြီးတွင် ယေရှုသည် ရပ်တော်မူလျက် “ရေငတ်သောသူ ရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။
ထို့ကြောင့် ယခုသင်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးများနှင့် ကျွန်ုပ်တို့ပင် မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏လည်ပင်းပေါ်တွင်တင်ခြင်းအားဖြင့် အဘယ်ကြောင့် ဘုရားသခင်ကို စမ်းသပ်ကြသနည်း။
ဤအရာအားလုံးတို့တွင် အလုပ်ကို ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ဆင်းရဲသားများအား မစထောက်ပံ့ရမည်ကို ကျွန်ုပ်ပြသခဲ့၏။ ထို့ကြောင့် သခင်ယေရှုကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်းသည် ရယူခြင်းထက် ပို၍မင်္ဂလာရှိ၏’ ဟူသော စကားတော်ကို သတိရကြလော့” ဟု ဆိုလေ၏။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
ဆင်းရဲဒုက္ခရောက်နေသော သင်တို့နှင့်အတူ ကျွန်ုပ်တို့ကိုလည်း စိတ်သက်သာရာရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် မီးလျှံကြားက တန်ခိုးကြီးသော ကောင်းကင်တမန်များခြံရံလျက် ကောင်းကင်ဘုံမှ ပေါ်ထွက်လာသောအခါ
ထို့ကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ရမည့် ကတိတော်တည်ဆဲဖြစ်လျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုဝင်ခွင့်ကို မဆုံးရှုံးမိစေရန် သတိပြုကြစို့။
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။