ဤခေတ်လူတို့ကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ ထိုသူတို့သည် ဈေးအရပ်၌ ကစားနေသောကလေးများနှင့် တူကြ၏။ ထိုကလေးများက
မဿဲ 11:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ငါတို့သည် သင်တို့အတွက် တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ငိုချင်းကို သီဆိုသော်လည်း မငိုကြွေးကြ’ ဟူ၍ အချင်းချင်းပြောဆိုကြ၏။ Common Language Bible ငါတို့သည်ငိုချင်းကိုဆိုသော်လည်းသင်တို့ မငိုမကြွေးကြ' ဟုဟစ်အော်ပြောဆိုကြ၏။- Garrad Bible ငါ တို့ တီး မှုတ် သော် လည်း သင် တို့ မ က ကြ။ မြည် တမ်း သော် လည်း ရင် မ တီး ကြ ဟု ဆို သော သူ ငယ် တို့ နှင့် တူ ကြ၏။ Judson Bible ငါတို့သည် သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- မြန်မာ့စံမီသမ္မာကျမ်း ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည် မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည် မမြည်တမ်းကြ’ဟု လှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူ၏။ မြန်မာ ငါတို့သည် သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- |
ဤခေတ်လူတို့ကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ ထိုသူတို့သည် ဈေးအရပ်၌ ကစားနေသောကလေးများနှင့် တူကြ၏။ ထိုကလေးများက
နှစ်ခြင်းဆရာယောဟန်သည် မသောက်မစားဘဲနေသည်ကို လူတို့က ‘သူသည်နတ်ဆိုးပူးသူဖြစ်သည်’ ဟု ဆိုတတ်ကြ၏။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထို့နောက် ယေရှုသည် ထိုခေါင်းဆောင်၏ အိမ်သို့ရောက်တော်မူလျှင် ဈာပနသီချင်းကိုတီးမှုတ်၍ ဆူညံလျက်ရှိသောလူအုပ်ကို တွေ့မြင်တော်မူ၏။
ထိုအချိန်တွင် သားကြီးသည် လယ်၌ ရှိလေ၏။ သူသည် အိမ်သို့ ပြန်လာ၍ အနီးသို့ရောက်သောအခါ တီးမှုတ်ကခုန်သံများကို ကြား၏။
လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုလူအုပ်ကြီးထဲတွင် ယေရှုအတွက် ဝမ်းနည်း၍ ငိုကြွေးနေကြသောအမျိုးသမီးများလည်း ပါဝင်၏။
ထိုသူတို့သည် ဈေးအရပ်၌ ကစားနေသောကလေးများနှင့် တူကြ၏။ ထိုကလေးများက ‘ငါတို့သည် သင်တို့အတွက် တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ငါတို့သည် ငိုချင်းကို သီဆိုသော်လည်း သင်တို့သည် မငိုကြွေးကြ’ ဟူ၍ အချင်းချင်းပြောဆိုကြ၏။
လူတို့သည် ထိုမိန်းကလေးအတွက် ရင်ဘတ်ထုလျက် အလွန်ငိုကြွေးကြသော်လည်း ယေရှုက “မငိုကြွေးကြနှင့်။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူ၏။