မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။
မဿဲ 10:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအိမ်သို့ ဝင်သောအခါ မင်္ဂလာပါဟု နှုတ်ဆက်လော့။ Common Language Bible အိမ်သို့ဝင်သောအခါမင်္ဂလာရှိပါစေဟူ၍ နှုတ်ခွန်းဆက်ကြလော့။- Garrad Bible အိမ် သို့ ဝင် စဉ် ထို အိမ် ကို ကောင်း ကြီး ပေး ကြ လော့။ Judson Bible အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုအိမ်သို့ဝင်သောအခါ နှုတ်ဆက်ကြလော့။ မြန်မာ အိမ်သို့ ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့။- |
မြို့တစ်မြို့၊ သို့မဟုတ် ရွာတစ်ရွာသို့ ဝင်သောအခါ သင်တို့အား လက်ခံကြိုဆိုမည့်သူကို ရှာ၍ ထိုမြို့ရွာမှ မထွက်မီတိုင်အောင် သူ၏အိမ်၌သာ တည်းခိုကြလော့။
ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်းချမ်းခြင်းသည် ထိုအိမ်အပေါ် သက်ရောက်လိမ့်မည်။ မထိုက်တန်ပါက ထိုငြိမ်းချမ်းခြင်းသည် သင်တို့ထံ ပြန်လာလိမ့်မည်။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
ထိုအစား သင်နှင့် မကြာမီတွေ့၍ မျက်နှာချင်းဆိုင် စကားပြောနိုင်ရန် ကျွန်ုပ်မျှော်လင့်ထား၏။