တစ်စုံတစ်ယောက်သည် သူတို့ကို အန္တရာယ်ပြုလိုလျှင် သူတို့၏ခံတွင်းမှ မီးထွက်လာ၍ ရန်သူကို လောင်ကျွမ်းစေလိမ့်မည်။ သူတို့ကို အန္တရာယ်ပြုလိုသောသူသည် ဤနည်းဖြင့် အသတ်ခံရမည်။
ဗျာဒိတ် 9:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ရူပါရုံတွင် မြင်းများနှင့် မြင်းစီးသူရဲများကို မြင်ရ၏။ သူတို့၏ရင်အုပ်ကာချပ်ဝတ်များသည် မီးလျှံကဲ့သို့သောအနီရောင်၊ နက်ပြာရောင်၊ ကန့်ကဲ့သို့သောအဝါရောင်ဖြစ်၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့ခေါင်းနှင့်တူ၍ မြင်းတို့၏ပါးစပ်မှ မီးလျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။ Common Language Bible ဗျာဒိတ်ရူပါရုံ၌မြင်းစီးသူရဲများသည်ကန့် ရောင်၊ အပြာရောင်၊ မီးလျှံရောင်ရှိသောရင်အုပ် တန်ဆာများကိုဝတ်ဆင်ထားကြသည်ကိုငါ မြင်ရ၏။ မြင်းတို့၏ဦးခေါင်းများသည်ခြင်္သေ့ ဦးခေါင်းများနှင့်တူ၏။ သူတို့၏ခံတွင်းမှမီး လျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။- Judson Bible ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကိုလည်းကောင်း၊ ကန့်၊ မီး၊ ဝှါကိန္သုကျောက်နှင့်ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကိုလည်းကောင်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဗျာဒိတ်ရူပါရုံ၌ ငါမြင်ရသော မြင်းတို့နှင့်မြင်းစီးသူရဲတို့မှာ ဤသို့ဖြစ်၏။ မြင်းစီးသူရဲတို့၌ မီးလျှံရောင်၊ နက်ပြာရောင်နှင့် ကန့်ကဲ့သို့ဝါသော ရင်အုပ်တန်ဆာများရှိကြ၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့၏ဦးခေါင်းနှင့်တူ၍ သူတို့၏ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်နေကြ၏။ |
တစ်စုံတစ်ယောက်သည် သူတို့ကို အန္တရာယ်ပြုလိုလျှင် သူတို့၏ခံတွင်းမှ မီးထွက်လာ၍ ရန်သူကို လောင်ကျွမ်းစေလိမ့်မည်။ သူတို့ကို အန္တရာယ်ပြုလိုသောသူသည် ဤနည်းဖြင့် အသတ်ခံရမည်။
ဘုရားသခင်၏အမျက်တော်ဖလား ထဲ၌ ပြည့်လျှံစွာ လောင်းထည့်ထားသည့် အမျက်တော်စပျစ်ဝိုင်ကို သောက်ရမည်။ ထိုသူတို့သည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲ၌ ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။
ပဉ္စမအုတ်မြစ်မှာ ကြောင်၊ ဆဋ္ဌမအုတ်မြစ်မှာ ပတ္တမြား၊ သတ္တမအုတ်မြစ်မှာ သလင်းဝါ၊ အဋ္ဌမအုတ်မြစ်မှာ မျက်ရွဲ၊ နဝမအုတ်မြစ်မှာ ဥဿဖရား၊ ဒသမအုတ်မြစ်မှာ မဟူရာစိမ်း၊ ဧကဒသမအုတ်မြစ်မှာ နီလာရင့်ရောင်ကျောက်နှင့် ဒွာဒသမအုတ်မြစ်မှာ နီလာခရမ်းဖြစ်၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
မြင်းတို့၏ပါးစပ်မှ ထွက်လာသည့် ဤဘေးဒဏ်သုံးမျိုးကြောင့် လူသုံးပုံတစ်ပုံ သေဆုံးကြ၏။
သူတို့တွင် သံချပ်ဝတ်ကဲ့သို့သော ရင်အုပ်ကာချပ်ဝတ်များပါရှိပြီး သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ ပြေးလာသောမြင်းရထားများ၏အသံကဲ့သို့ဖြစ်၏။