အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 9:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူတို့​တွင် မြင်းစီး​သူရဲ သန်း​နှစ်ရာ​ရှိသည်​ကို ကျွန်ုပ်​ကြားသိရ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

မြင်း​စီး​သူ​ရဲ​များ​၏​အ​ရေ​အ​တွက်​မှာ​ကု​ဋေ နှစ်​ဆယ်​ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

လူ သုံး စု တစ် စု ကို လုပ် ကြံ ရန် လွတ် ရ ကြ၏။ အ ရေ အ တွက် ကို ငါ ကြား၍ ရူ ပါ ရုံ တွင် မျှော် မြင် သည့် အ တိုင်း မြင်း တပ် အ ရေ အ တွက် ကား ကု ဋေ နှစ် ဆယ် တည်း။ စီး နင်း သူ တို့ ကား မီး လျှံ၊ မီး ခိုး၊ ကန့် မီး ရောင် ရင် အုပ် များ ရှိ လျက် ခြင်္သေ့ ကဲ့ သို့ ဦး ခေါင်း ရှိ သော ထို မြင်း တို့ ခံ တွင်း မှ မီး လျှံ၊ မီး ခိုး၊ ကန့် မီး ထွက် သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

မြင်း​စီး​သူ​ရဲ​တို့၏ အ​ရေ​အ​တွက်​ကား၊ နှစ်​သင်္ချေ ဖြစ်၏။ ထို​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြင်းစီး​သူရဲ​တို့​၏​အရေအတွက်​မှာ သန်းပေါင်း​နှစ်ရာ​ဖြစ်​၏။ သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 9:16
7 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ကျွန်ုပ်​ကြည့်လိုက်​ရာ သိန်းသန်းကုဋေ​မက အတိုင်းမသိ​များပြားသော​ကောင်းကင်တမန်တို့​၏ ကြွေးကြော်သံ​ကို ကြားရ၏။ သူတို့​သည် ရာဇပလ္လင်တော်၊ သတ္တဝါ​လေးပါး​နှင့် အကြီးအကဲတို့​ကို ဝန်းရံထားကြ၏။


ထို့နောက်​တံဆိပ်​ခတ်​ခံရသော​သူတို့​၏ အရေအတွက်​ကို ကျွန်ုပ်​ကြားသိရ၏။ အစ္စရေး​မျိုးနွယ်စု​အသီးသီး​ထဲမှ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်ခံရ၏။