Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 9:16 - Common Language Bible

16 မြင်း​စီး​သူ​ရဲ​များ​၏​အ​ရေ​အ​တွက်​မှာ​ကု​ဋေ နှစ်​ဆယ်​ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16-17 လူ သုံး စု တစ် စု ကို လုပ် ကြံ ရန် လွတ် ရ ကြ၏။ အ ရေ အ တွက် ကို ငါ ကြား၍ ရူ ပါ ရုံ တွင် မျှော် မြင် သည့် အ တိုင်း မြင်း တပ် အ ရေ အ တွက် ကား ကု ဋေ နှစ် ဆယ် တည်း။ စီး နင်း သူ တို့ ကား မီး လျှံ၊ မီး ခိုး၊ ကန့် မီး ရောင် ရင် အုပ် များ ရှိ လျက် ခြင်္သေ့ ကဲ့ သို့ ဦး ခေါင်း ရှိ သော ထို မြင်း တို့ ခံ တွင်း မှ မီး လျှံ၊ မီး ခိုး၊ ကန့် မီး ထွက် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 မြင်း​စီး​သူ​ရဲ​တို့၏ အ​ရေ​အ​တွက်​ကား၊ နှစ်​သင်္ချေ ဖြစ်၏။ ထို​အ​ရေ​အ​တွက်​ကို ငါ​ကြား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 မြင်းစီး​သူရဲ​တို့​၏​အရေအတွက်​မှာ သန်းပေါင်း​နှစ်ရာ​ဖြစ်​၏။ သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သူတို့​တွင် မြင်းစီး​သူရဲ သန်း​နှစ်ရာ​ရှိသည်​ကို ကျွန်ုပ်​ကြားသိရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 9:16
7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။


ထို​သူ​တို့​သည်​မ​ရမ်း​စေ့​ရောင်​ဆင်​တူ​ဝတ်​စုံ များ​ကို​ဝတ်​ဆင်​သူ​စစ်​သူ​ရဲ​များ၊ မှူး​မတ် များ​နှင့်​အ​ထက်​တန်း​အ​ရာ​ရှိ​များ​ဖြစ် ကြ​၏။ သူ​တို့​အား​လုံး​ပင်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သော​မြင်း​တပ်​ဗိုလ်​များ​ဖြစ်​သ​တည်း။-


ငါ​သည်​သူ့​အား​လှည့်​စေ​၍​သူ​၏​ပါး​ရိုး​ကို သံ​ချိတ်​များ​ဖြင့်​ချိတ်​ကာ သူ​၏​စစ်​သူ​ရဲ များ​နှင့်​အ​တူ​ဆွဲ​ခေါ်​သွား​မည်။ သူ​၏​တပ် မ​တော်​သည်​မြင်း​များ၊ ဝတ်​စုံ​တူ​မြင်း​စီး သူ​ရဲ​များ​ဖြင့်​ပြည့်​စုံ​၍​အ​လွန်​ပင်​ကြီး မား​၏။ စစ်​သူ​ရဲ​မှန်​သ​မျှ​သည်​လည်း​ဒိုင်း လွှား​ကြီး​ငယ်​နှင့်​ဋ္ဌား​ကို​ကိုင်​ဆောင်​ထား ကြ​၏။-


``ဆီး​ရီး​ယား​ဘု​ရင်​၏​နန်း​သက်​ကုန်​ဆုံး ချိန်​နီး​သော​အ​ခါ အီ​ဂျစ်​ဘု​ရင်​သည်​ထို မင်း​ကို​စစ်​ချီ​တိုက်​ခိုက်​လိမ့်​မည်။ ဆီး​ရီး ယား​ဘု​ရင်​က​လည်း​မြင်း​စီး​သူ​ရဲ​များ နှင့် သင်္ဘော​အ​မြောက်​အ​မြား​ကို​အ​သုံး ပြု​ကာ​အ​စွမ်း​ကုန်​ပြန်​လည်​တိုက်​ခိုက် လိမ့်​မည်။ သူ​သည်​မြစ်​လျှံ​ရေ​သ​ဖွယ်​နိုင်​ငံ များ​စွာ​ကို​ချဉ်း​နင်း​ဝင်​ရောက်​လိမ့်​မည်။-


ထို​ပလ္လင်​တော်​မှ​မြစ်​သ​ဖွယ်​မီး​ရောင်​ခြည်​ထွက်​လျက်​နေ​၏။ ထို​အ​ရပ်​တွင်​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ထောင်​ပေါင်း​များ​စွာ​ရှိ​၏။ ရှေ့​တော်​တွင်​ရပ်​လျက်​ခ​စား​နေ​သူ​လည်း​သန်း​ပေါင်း​များ​စွာ​ရှိ​ပေ​သည်။ တ​ရား​စီ​ရင်​တော်​မူ​ချိန်​စ​တော့​မည်​ဖြစ်​သ​ဖြင့်​စာ​စောင်​များ​ဖွင့်​ထား​လျက်​ရှိ​၏။


ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။-


ထို​နောက်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သူ​တို့​၏​အ​ရေ အ​တွက်​ကို​ငါ​ကြား​သိ​ရ​၏။ ယင်း​အ​ရေ အ​တွက်​မှာ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် ရှိ​၍ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​ဖြစ်​ကြ​သော၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ