ထိုသို့ အမွှေးနံ့သာကို မီးရှို့ပူဇော်နေစဉ် ဝတ်ပြုကိုးကွယ်ရန် စုရုံးရောက်ရှိလာကြသော လူအပေါင်းတို့သည် အပြင်ဘက်၌ ဆုတောင်းနေကြ၏။
ဗျာဒိတ် 8:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမွှေးနံ့သာမှ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များနှင့်အတူ ကောင်းကင်တမန်၏လက်မှ ဘုရားသခင်ထံတော်သို့ တက်လေ၏။ Common Language Bible နံ့သာပေါင်းမှထွက်လာသောမီးခိုးသည် ဘုရားသခင်၏ရှေ့တော်တွင်ရပ်နေသော ကောင်းကင်တမန်၏လက်မှ ဘုရားသခင် ၏လူစုတော်ဝင်တို့ဆုတောင်းပတ္ထနာများ နှင့်အတူအထက်သို့တက်လေ၏။- Garrad Bible နံ့ သာ ပေါင်း ငွေ့ သည် သီး သန့် ထား တော် မူ သူ တို့ ပ ဌ နာ အ ကျိုး အ လို့ ငှါ ထို စေ တ မန် တော့် လက် မှ ဘု ရား သ ခင့် ရှေ့ တော် သို့ တက် ရောက် သော်၊ Judson Bible မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပတ္ထနာများနှင့်အတူ ကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နံ့သာပေါင်း၏အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ဆုတောင်းချက်များနှင့်အတူ ကောင်းကင်တမန်၏လက်ထဲမှ ဘုရားသခင်၏ရှေ့တော်သို့တက်သွားလေ၏။ |
ထိုသို့ အမွှေးနံ့သာကို မီးရှို့ပူဇော်နေစဉ် ဝတ်ပြုကိုးကွယ်ရန် စုရုံးရောက်ရှိလာကြသော လူအပေါင်းတို့သည် အပြင်ဘက်၌ ဆုတောင်းနေကြ၏။
ကော်နေလိသည် ကြောက်ရွံ့သဖြင့် ကောင်းကင်တမန်အား သေချာစွာကြည့်လျက် “မိန့်တော်မူပါအရှင်” ဟု လျှောက်လေ၏။ ကောင်းကင်တမန်က “သင့်ဆုတောင်းသံနှင့် အလှူအတန်းတို့ကို ဘုရားသခင်အသိအမှတ်ပြုတော်မူပြီ။
ဗိမာန်တော်သည်လည်း ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတော်တို့၏ အခိုးအငွေ့များဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်တမန်ခုနှစ်ပါးတို့၏ ဘေးဒဏ်ခုနစ်ပါး မပြီးဆုံးမီအထိ ဗိမာန်တော်ထဲသို့ မည်သူမျှ မဝင်ကြရ။
ကောင်းကင်တမန်တစ်ပါးသည် ရွှေလင်ပန်းကို ကိုင်လျက် ရှေ့သို့လာ၍ ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ရာဇပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်တွင် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များနှင့်အတူ ပူဇော်ဆက်ကပ်ရန် သူ့အား အမွှေးနံ့သာများစွာကို ပေးအပ်ထား၏။