ဤလောကသို့ ငြိမ်းချမ်းခြင်းကို ယူဆောင်လာရန် ငါလာသည်ဟု မထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်းကို ယူဆောင်လာရန် ငါလာသည် မဟုတ်ပါ။ ဓားကိုယူဆောင်လာရန် ငါလာ၏။
ဗျာဒိတ် 6:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ မြင်းနီတစ်ကောင် ထွက်လာ၏။ လူအချင်းချင်း သတ်ဖြတ်ကြရန်အတွက် ထိုမြင်းကို စီးသောသူအား ကမ္ဘာလောကမှ ငြိမ်းချမ်းမှုကို ဖယ်ရှားနိုင်သည့်တန်ခိုးကို ပေးအပ်ထားတော်မူ၏။ သူ့အား ဓားကြီးတစ်လက်ကိုလည်း ပေးအပ်ထားတော်မူ၏။ Common Language Bible ထိုနောက်မြင်းနီတစ်ကောင်ထွက်လာ၏။ လူတို့ သည်အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစေရန်မြင်းစီးသူရဲအား ဤ လောကတွင်စစ်မက်ဖြစ်ပွားစေနိုင်သည့်တန်ခိုး ကိုပေးအပ်ထား၏။ ဋ္ဌားကြီးတစ်လက်ကိုသူ့ အားပေးထား၏။ Garrad Bible စီး နင်း သူ သည် လူ အ ချင်း ချင်း လုပ် ကြံ ကြ စေ ရန် မြေ ကြီး ပေါ် ရှိ ရန် ငြိမ်း ခြင်း ကို ရုပ် သိမ်း ခွင့် ရ သည့် ပြင် ဓား လွယ် ကြီး တစ် စင်း ကို ခံ ရ၏။ Judson Bible ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ဓားကြီးကို ပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နီရဲသောအခြားမြင်းတစ်ကောင်ထွက်လာ၏။ ထိုမြင်းပေါ်တွင်စီးသောသူသည် လူတို့အား အချင်းချင်းသတ်ဖြတ်ကြစေရန် မြေကြီးပေါ်မှ ငြိမ်းချမ်းမှုကိုရုပ်သိမ်းရသောအခွင့်ကိုရရှိ၏။ ကြီးမားသောဓားတစ်လက်ကိုလည်း သူ့အားပေးလေ၏။ |
ဤလောကသို့ ငြိမ်းချမ်းခြင်းကို ယူဆောင်လာရန် ငါလာသည်ဟု မထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်းကို ယူဆောင်လာရန် ငါလာသည် မဟုတ်ပါ။ ဓားကိုယူဆောင်လာရန် ငါလာ၏။
သင်တို့သည် စစ်ပွဲများနှင့် စစ်ဖြစ်မည့်သတင်းများအကြောင်း ကြားကြလိမ့်မည်။ သို့ရာတွင် မတုန်လှုပ်ကြနှင့်။ ထိုအရာများအားလုံးသည် ဖြစ်ပျက်ရမည်။ သို့သော် ကမ္ဘာကုန်ဆုံးချိန်သည် မကျရောက်သေးပါ။
ထိုအခါ ယေရှုက “သင့်ကို ဘုရားသခင် အခွင့်မပေးလျှင် သင်သည် ငါ့ကို မည်သို့မျှ မပြုနိုင်။ ထို့ကြောင့် ငါ့ကို သင့်ထံ အပ်နှံသောသူသည် ပို၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။
ထို့နောက် ကောင်းကင်၌ အခြားနိမိတ်လက္ခဏာတစ်ခုကို မြင်ရပြန်၏။ ခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်း ပါရှိသော အနီရောင်နဂါးကြီးတစ်ကောင်သည် ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကို ဆောင်းထား၏။
ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။
ထို့နောက် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို တောကန္တာရသို့ ခေါ်ဆောင်သွား၏။ ထိုနေရာ၌ အနီရောင်သားရဲပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးကို မြင်ရ၏။ ထိုသားရဲတွင် ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး တစ်ကိုယ်လုံး၌လည်း ဘုရားသခင်အား စော်ကားသောအမည်များကို အပြည့်ရေးထား၏။
ထိုအမျိုးသမီးသည် ယေရှုအကြောင်း သက်သေခံသောသန့်ရှင်းသူတို့၏သွေးကို သောက်၍ ယစ်မူးနေသည်ကို ကျွန်ုပ်မြင်ရ၏။ သူ့ကို မြင်ရသောအခါ ကျွန်ုပ်သည် အလွန်အံ့ဩလျက်နေ၏။