ယေရှုက “ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော် မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် အမြစ်မှနုတ်ယူခြင်းခံရလိမ့်မည်။
ဗျာဒိတ် 22:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်များကို ကြားနာသောသူတိုင်းအား ငါသတိပေး၏။ မည်သူမဆို ဤစာစောင်တွင် တစ်စုံတစ်ရာ ထပ်လောင်းဖြည့်စွက်ပါက ဘုရားသခင်သည် ဤစာစောင်ပါ ဘေးဒဏ်များကို ထိုသူအပေါ် ကျရောက်စေတော်မူလိမ့်မည်။ Common Language Bible ဤကျမ်းစောင်ပါဗျာဒိတ်တော်များကိုကြားရ သူအပေါင်းတို့အား ငါယောဟန်သည်ကြပ်တည်း စွာသတိပေးလိုက်၏။ မည်သူမဆိုဤကျမ်းစောင် တွင် တစ်စုံတစ်ရာထပ်လောင်း၍ဖြည့်စွက်ပါက ထိုသူအပေါ်သို့ဘုရားသခင်သည် ဤကျမ်း စောင်၌ဖော်ပြသောဘေးဒဏ်များကိုသက် ရောက်စေတော်မူလိမ့်မည်။- Garrad Bible ဤ ကျမ်း ပါ ပ ရော ဖက် ဆင့် ချက် များ ကို ကြား နာ သူ တိုင်း အား ငါ သက် သေ ခံ သည် ကား၊ မည် သူ မ ဆို ထပ် ဆင့် ထည့် သွင်း လျှင် ဤ ကျမ်း ပါ ဘေး များ ကို ထို သူ့ အ ပေါ် တွင် ဘု ရား သ ခင် ထပ် ဆင့် တော် မူ လိမ့် မည်။ Judson Bible ဤစာစောင်၏အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း ဤစာစောင်၌ပါသည့် ပရောဖက်ပြုဟောပြောသောစကားတို့ကို ကြားရသူတိုင်းအား ငါသက်သေခံသည်ကား မည်သူမဆို ၎င်းတို့အပေါ် ထပ်မံဖြည့်စွက်လျှင် ဘုရားသခင်သည် ဤစာစောင်၌ရေးထားသောဘေးဒဏ်များကို ထိုသူအပေါ်၌ သက်ရောက်စေတော်မူလိမ့်မည်။ |
ယေရှုက “ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော် မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် အမြစ်မှနုတ်ယူခြင်းခံရလိမ့်မည်။
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။
ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
ဤပရောဖက်ပြုဟောပြောချက်သည် ဖြစ်ပျက်ရန် အချိန်နီးလာသောကြောင့် ၎င်းကို ဖတ်သောသူနှင့် ကြားနာ၍ လိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။
ထို့နောက် ကောင်းကင်ဘုံ၌ အံ့ဖွယ်နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် နောက်ဆုံးဘေးဒဏ်ခုနစ်ပါး ကိုင်ဆောင်ထားသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုဘေးဒဏ်တို့ဖြစ်ပျက်ပြီးနောက် ဘုရားသခင်၏ အမျက်တော်အဆုံးသတ်မည်ဖြစ်သောကြောင့် နောက်ဆုံးဘေးဒဏ်ဟု ဆိုရ၏။
ထိုဗိမာန်တော်ထဲမှ ဘေးဒဏ်ခုနစ်ပါးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးထွက်လာ၏။ သူတို့သည် သန့်ရှင်းတောက်ပြောင်သော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရင်ဘတ်ပေါ်တွင် ရွှေရင်စည်းကို ပတ်ထား၏။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။
တစ်ဖန် ထိုကောင်းကင်တမန်က “အချိန်နီးကပ်လာသောကြောင့် ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောချက်များကို မျှဝေလော့။ လျှို့ဝှက်မထားနှင့်။
ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။
ယေရှုက “ကြည့်ရှုလော့။ ငါသည် မကြာမီလာမည်။ ဤစာစောင်၌ ရေးထားသော ပရောဖက်ပြုဟောပြောချက်များကို လိုက်နာသောသူသည် မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင်၏ညီအစ်ကို ပရောဖက်တို့နှင့် ဤစာစောင်ကို လိုက်နာသောသူအားလုံး၏ အစေခံချင်းဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့” ဟု ဆိုလေ၏။
လောဒိကိမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အာမင်ဖြစ်သောသူ၊ စစ်မှန်၍ သစ္စာရှိသည့်သက်သေဖြစ်သောသူ၊ ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတို့၏အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။