သို့သော် ဖန်ဆင်းခံလောကသည် သေခြင်းနှင့် ပုပ်သိုးဆွေးမြည့်ခြင်း၏အနှောင်အဖွဲ့မှ ကင်းလွတ်၍ ဘုရားသခင်၏ သားသမီးများနှင့်အတူ ဘုန်းအသရေနှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်နေ့ရက်ကို မျှော်လင့်လျက် နေ၏။
ဗျာဒိတ် 21:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကျွန်ုပ်မြင်ရ၏။ ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ကွယ်ပျောက်သွား၍ ပင်လယ်သည်လည်း မရှိတော့ပေ။ Common Language Bible ထိုနောက်ကောင်းကင်သစ်နှင့်ကမ္ဘာသစ်ကိုငါ မြင်ရ၏။ ယခင်ကောင်းကင်ဟောင်းနှင့်ကမ္ဘာ ဟောင်းသည်ကွယ်ပျောက်သွားလေပြီ။ ပင်လယ် သမုဒ္ဒရာသည်လည်းမရှိတော့ပေ။- Garrad Bible တစ် ဖန် မိုး မြေ ဟောင်း လွင့် သွား ပြီး သည့် အ လျောက် သ မု ဒ္ဒ ရာ မ ရှိ သော မိုး မြေ သစ် ကို ငါ မြင် ရ ၏။ Judson Bible ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်း ဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။ |
သို့သော် ဖန်ဆင်းခံလောကသည် သေခြင်းနှင့် ပုပ်သိုးဆွေးမြည့်ခြင်း၏အနှောင်အဖွဲ့မှ ကင်းလွတ်၍ ဘုရားသခင်၏ သားသမီးများနှင့်အတူ ဘုန်းအသရေနှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်နေ့ရက်ကို မျှော်လင့်လျက် နေ၏။
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို စောင့်မျှော်နေကြ၏။
ထို့နောက် သားရဲတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုသားရဲ၌ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ပါရှိပြီး ထိုဦးချိုများတွင် သရဖူဆယ်ခုရှိ၏။ ခေါင်းတစ်လုံးစီအပေါ်၌ ဘုရားသခင်ကို စော်ကားသောအမည်များကို ရေးထား၏။
ထိုအခါ ရာဇပလ္လင်ဖြူကြီးနှင့် ထိုပလ္လင်ပေါ်တွင် ထိုင်တော်မူသောအရှင်ကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်ရှေ့မှ ပျောက်ကွယ်သွား၍ ၎င်းတို့အတွက် နေရာမရှိတော့ပေ။
ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသောအရှင်က “ငါသည် အရာအားလုံးကို အသစ်ဖြစ်စေ၏” ဟု မိန့်တော်မူပြီးနောက် “ဤစကားတို့သည် သစ္စာစကား၊ မှန်သောစကားဖြစ်သောကြောင့် ရေးထားလော့” ဟူ၍လည်း မိန့်တော်မူ၏။
မိုးကောင်းကင်သည် စာလိပ်ကို လိပ်သကဲ့သို့ ပျောက်ကွယ်သွား၍ ရှိသမျှတောင်နှင့်ကျွန်းတို့သည် မိမိတို့နေရာမှ ရွေ့သွားကြ၏။