သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။
ဗျာဒိတ် 18:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဖုန်မှုန့်များကို မိမိတို့၏ ခေါင်းပေါ်တွင် ကြဲပြီး “အလိုလေး… ဖြစ်ရလေချင်း။ မိမိ၏စည်းစိမ်ဥစ္စာများကြောင့် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များကို ချမ်းသာစေခဲ့သော မြို့ကြီး… သင်သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။ Common Language Bible သူတို့သည်မြေမှုန့်များကိုမိမိတို့အပေါ်သို့ကြဲ ဖြန့်လျက်``ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပင်လယ် ကူးသင်္ဘောပိုင်ရှင်အပေါင်းအားကြွယ်ဝချမ်းသာ စေသောမြို့ကြီးသည်တစ်နာရီအတွင်းရှိသမျှ ဆုံးရှုံးရပါသည်တကား'' ဟုငိုကြွေးမြည်တမ်း ကြ၏။ Garrad Bible ဦး ခေါင်း ထက် မြေ မှုန့် ကြဲ လျက် စည်း စိမ် ကြောင့် ပင် လယ် သွား သင်္ဘော ရှင် ရှိ သ မျှ ကို ကြွယ် ဝ စေ ခဲ့ ရာ ထို မြို့ ကြီး သည် အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ လေ စွ။ တစ် နာ ရီ ချင်း တွင် မြို့ ဆိုး ကုန်း ဖြစ် ပြီ တ ကား ဟု အော် ဟစ် ငို ကြွေး မြည် တမ်း ကြ လိမ့် မည်။ Judson Bible ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကိုပိုင်သော သူအပေါင်းတို့အား ကိုယ်စည်းစိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တစ်နာရီချင်းတွင် ပျက်စီးပါပြီ တကားဟူ၍လည်းကောင်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။ |
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။
သူတို့သည် သူခံရသောညှဉ်းဆဲမှုကို ကြောက်၍ အဝေးမှ ရပ်လျက် “အလိုလေး… ကြီးမြတ်သောဘေဘီလုံ… တန်ခိုးကြီးသောမြို့… ဖြစ်ရလေချင်း။ သင်ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် တစ်ခဏချင်း၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြလိမ့်မည်။
လူမျိုးအပေါင်းတို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်ကြပြီ။ လောကီဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို သူနှင့် ကျူးလွန်ကြ၏။ လောကီကုန်သည်တို့သည်လည်း သူ၏ အလွန်အကျွံစည်းစိမ်ခံစားလိုသောဆန္ဒကြောင့် ကြီးပွားချမ်းသာလာကြပြီ” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်၏။
သို့ဖြစ်၍ သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်းတို့သည် သူ့အပေါ်သို့ တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ မီးသည် သူ့ကို လောင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို တရားစီရင်တော်မူသောအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သည်” ဟူ၍ဖြစ်၏။