ကိုယ်တော်က “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် လူမျိုးအပေါင်းတို့၏ ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား သွန်သင်လျက် မိန့်တော်မူ၏။
ဗျာဒိတ် 18:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့ကို အမှီပြု၍ အဆိုပါပစ္စည်းများကို ရောင်းဝယ်ခြင်းဖြင့် ချမ်းသာလာကြသော ကုန်သည်များသည် ထိုမြို့ခံရသည့် ညှဉ်းဆဲမှုကို ကြောက်ရွံ့၍ အဝေးတွင် ရပ်လျက် Common Language Bible ဗာဗုလုန်မြို့ကိုအမှီပြု၍ထိုကုန်ပစ္စည်းများ ကိုရောင်းဝယ်ခြင်းအားဖြင့်ချမ်းသာကြွယ်ဝ လာသောကုန်သည်ကြီးများသည်ထိုမြို့ခံရ သည့်ဒဏ်ကြောင့်ကြောက်ရွံ့တုန်လှုပ်ကာအဝေး မှရပ်လျက်၊- Garrad Bible ထို မြို့ ထွက် ကုန် စည် များ ကို ရောင်း ဝယ် ကြွယ် ဝ သော ကုန် သည် တို့ သည် ဤ ညှဉ်း ဆဲ ခြင်း ကို ကြောက် ရွံ့၍ အ ဝေး က ရပ် နေ လျက်၊ Judson Bible သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊- မြန်မာ့စံမီသမ္မာကျမ်း သူ့အားဖြင့် ချမ်းသာလာသောသူများဖြစ်ကြသည့် ထိုကုန်ပစ္စည်းတို့ကိုပိုင်ဆိုင်သောကုန်သည်တို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကို ကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ဝမ်းနည်းကြေကွဲ၍ ငိုကြွေးကြကာ |
ကိုယ်တော်က “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် လူမျိုးအပေါင်းတို့၏ ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား သွန်သင်လျက် မိန့်တော်မူ၏။
သို့သော် သူ၏သခင်တို့သည် မိမိတို့ဝင်ငွေရရန် မျှော်လင့်စရာမရှိတော့သည်ကို သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကို ဖမ်းဆီး၍ ရုံးတော်ရှိ အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကြ၏။
သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ ဖဲနီထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်တန်ဆာအမျိုးမျိုး၊ အဖိုးတန်သစ်အမျိုးမျိုး၊ ကြေး၊ သံ၊ စကျင်ကျောက်၊
သစ်ကြံပိုး၊ အမွှေးအကြိုင်၊ အမွှေးနံ့သာ၊ မုရန်၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ မုန့်ညက်၊ ဂျုံ၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ ကျွန်များနှင့် လူ့အသက်တို့ပင် ဖြစ်ကြ၏။
“သင်တပ်မက်သော အရာများသည် သင့်ထံမှ ပျောက်ကွယ်သွားပြီ။ သင်၏ ဇိမ်ခံပစ္စည်းများနှင့် တောက်ပြောင်သောအရာများသည်လည်း ပျောက်ဆုံးသွားကြပြီ။ မည်သည့်အခါမျှ တွေ့ရတော့မည်မဟုတ်။”
သူတို့သည် ဖုန်မှုန့်များကို မိမိတို့၏ ခေါင်းပေါ်တွင် ကြဲပြီး “အလိုလေး… ဖြစ်ရလေချင်း။ မိမိ၏စည်းစိမ်ဥစ္စာများကြောင့် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များကို ချမ်းသာစေခဲ့သော မြို့ကြီး… သင်သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။
လူမျိုးအပေါင်းတို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်ကြပြီ။ လောကီဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို သူနှင့် ကျူးလွန်ကြ၏။ လောကီကုန်သည်တို့သည်လည်း သူ၏ အလွန်အကျွံစည်းစိမ်ခံစားလိုသောဆန္ဒကြောင့် ကြီးပွားချမ်းသာလာကြပြီ” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်၏။