ထိုတရားမဲ့မှု၏ လျှို့ဝှက်သောတန်ခိုးသည် ယခု လှုပ်ရှားနေပြီဖြစ်၏။ သို့သော်လည်း တားဆီးသူသည် ဖယ်ရှားခံရချိန် မရောက်မီတိုင်အောင် တားဆီးနေလိမ့်မည်။
ဗျာဒိတ် 17:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကောင်းကင်တမန်က “အဘယ်ကြောင့် အံ့သြနေသနည်း။ ထိုအမျိုးသမီး၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာကိုလည်းကောင်း၊ ထိုအမျိုးသမီး ထိုင်နေသော ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ရှိသည့် သားရဲ၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကိုလည်းကောင်း ငါပြောပြမည်။ Common Language Bible ကောင်းကင်တမန်ကအဘယ်ကြောင့်အံ့သြ သနည်း။ ထိုအမျိုးသမီး၏လျှို့ဝှက်သည့် အနက်အဋ္ဌိပ္ပါယ်ကိုလည်းကောင်း၊ သူထိုင်နေ သောဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိသည့်သားရဲ၏လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ် ကိုလည်းကောင်းငါပြောပြမည်။- Garrad Bible စေ တ မန် တော် က အ ဘယ် ကြောင့် အံ့ သြ သ နည်း။ ထို မိန်း မ မှ စ၍ ဦး ခေါင်း ခု နစ် လုံး၊ ဦး ချို ဆယ် ချောင်း ရှိ၊ ထို မိန်း မ စီး သော သား ရဲ နှင့် စပ် သည့် နက် နဲ ရာ ကို ငါ ဖော် ပြ မည်။ Judson Bible ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကိုလည်းကောင်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကိုလည်းကောင်း၊ ငါပြောမည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကောင်းကင်တမန်က “သင်သည် အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမနှင့် သူ့ကိုသယ်ဆောင်သော ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိသည့် သားရဲတို့၏လျှို့ဝှက်နက်နဲသောအချက်ကို သင့်အား ငါပြောပြမည်။ |
ထိုတရားမဲ့မှု၏ လျှို့ဝှက်သောတန်ခိုးသည် ယခု လှုပ်ရှားနေပြီဖြစ်၏။ သို့သော်လည်း တားဆီးသူသည် ဖယ်ရှားခံရချိန် မရောက်မီတိုင်အောင် တားဆီးနေလိမ့်မည်။
ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။
ထို့နောက် ကောင်းကင်၌ အခြားနိမိတ်လက္ခဏာတစ်ခုကို မြင်ရပြန်၏။ ခေါင်းခုနစ်လုံး၊ ဦးချိုဆယ်ချောင်း ပါရှိသော အနီရောင်နဂါးကြီးတစ်ကောင်သည် ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကို ဆောင်းထား၏။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။
ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ကြီးမားသောအခွင့်အာဏာနှင့်အတူ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ကမ္ဘာမြေကြီးသည်လည်း သူ၏အရောင်အဝါဖြင့် ထွန်းလင်းနေ၏။