ထိုအခါ ကောင်းကင်တမန်က “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအသီးသီးပြောဆိုသူများ၊ ဘုရင်များကို တစ်ဖန်ပရောဖက်ပြုဟောပြောရမည်” ဟု ကျွန်ုပ်အားဆို၏။
ဗျာဒိတ် 17:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှင်ဘုရင်ခုနစ်ပါးကိုလည်း ကိုယ်စားပြု၏။ ထိုခုနစ်ပါးတွင် ငါးပါးသည် ကျဆုံးပြီ။ ဆဋ္ဌမမြောက်ဘုရင်သည် ယခုနန်းစံလျက်ရှိ၏။ သတ္တမမြောက်ဘုရင်မှာ နန်းမတက်သေး။ နန်းတက်လျှင်လည်း သူ၏ နန်းသက်မှာ တိုတောင်းလိမ့်မည်။ Common Language Bible ရှင်ဘုရင်ငါးပါးကားကျဆုံးသွားလေပြီ။ တစ်ပါးသည်အသက်ရှင်လျက်ရှိ၏။ အခြား တစ်ပါးမှာမပေါ်ထွန်းသေးပေ။ ပေါ်ထွန်း လာလျှင်လည်းခဏမျှသာအုပ်စိုးရလိမ့်မည်။- Garrad Bible ဘု ရင် မင်း ခု နစ် ပါး လည်း ဖြစ် သည့် အ လျောက် ငါး ပါး ကျ ပြီ။ တစ် ပါး ရှိ၏။ ကျန် တစ် ပါး မှာ မ ပေါ် သေး။ ပေါ် သည့် ကာ လ၊ တ ခ ဏ မျှ စံ ရ မည်။ Judson Bible ရှင်ဘုရင်ခုနစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီး၊ တစ်ပါးရှိသေး၏။ တစ်ပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တစ်ခဏသာတည်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီ။ တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။ |
ထိုအခါ ကောင်းကင်တမန်က “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအသီးသီးပြောဆိုသူများ၊ ဘုရင်များကို တစ်ဖန်ပရောဖက်ပြုဟောပြောရမည်” ဟု ကျွန်ုပ်အားဆို၏။
သူသည် ပထမသားရဲ၏ အခွင့်အာဏာအလုံးစုံကို သူ၏ကိုယ်စားအသုံးပြု၏။ ထို့ပြင် ကမ္ဘာမြေကြီးနှင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့အား သေနိုင်လောက်သောဒဏ်ရာမှ ပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
ထိုသားရဲ၏ ဦးခေါင်းတစ်လုံးတွင် သေနိုင်လောက်သောဒဏ်ရာရရှိထားသကဲ့သို့ဖြစ်သော်လည်း ထိုဒဏ်ရာသည် ပျောက်ကင်းသွား၏။ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် အံ့အားသင့်လျက် သားရဲနောက်သို့ လိုက်ကြ၏။
ယခင်က အသက်ရှင်ခဲ့သော်လည်း ယခု မရှင်တော့သည့် အနီရောင်သားရဲမှာ အဋ္ဌမမြောက်ဘုရင်ဖြစ်၏။ သူသည်လည်း အခြားဘုရင် ခုနစ်ပါးကဲ့သို့ပင် ပျက်စီးသွားမည့်သူဖြစ်၏။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။