ဗျာဒိတ် 17:10 - Common Language Bible10 ရှင်ဘုရင်ငါးပါးကားကျဆုံးသွားလေပြီ။ တစ်ပါးသည်အသက်ရှင်လျက်ရှိ၏။ အခြား တစ်ပါးမှာမပေါ်ထွန်းသေးပေ။ ပေါ်ထွန်း လာလျှင်လည်းခဏမျှသာအုပ်စိုးရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible10 ဘု ရင် မင်း ခု နစ် ပါး လည်း ဖြစ် သည့် အ လျောက် ငါး ပါး ကျ ပြီ။ တစ် ပါး ရှိ၏။ ကျန် တစ် ပါး မှာ မ ပေါ် သေး။ ပေါ် သည့် ကာ လ၊ တ ခ ဏ မျှ စံ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible10 ရှင်ဘုရင်ခုနစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီး၊ တစ်ပါးရှိသေး၏။ တစ်ပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တစ်ခဏသာတည်လိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဘုရင်ခုနစ်ပါးလည်းဖြစ်ကြ၏။ ငါးပါးသည် ကျဆုံးပြီ။ တစ်ပါးသည် ယခုရှိ၏။ ကျန်တစ်ပါးမှာ မပေါ်ထွန်းသေးပေ။ ပေါ်ထွန်းလာသောအခါ၌လည်း ခေတ္တခဏသာတည်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ရှင်ဘုရင်ခုနစ်ပါးကိုလည်း ကိုယ်စားပြု၏။ ထိုခုနစ်ပါးတွင် ငါးပါးသည် ကျဆုံးပြီ။ ဆဋ္ဌမမြောက်ဘုရင်သည် ယခုနန်းစံလျက်ရှိ၏။ သတ္တမမြောက်ဘုရင်မှာ နန်းမတက်သေး။ နန်းတက်လျှင်လည်း သူ၏ နန်းသက်မှာ တိုတောင်းလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊ ``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊ သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။ သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့'' အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။