တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။
ဗျာဒိတ် 16:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ရေကို အုပ်စိုးသောကောင်းကင်တမန်က “အို သန့်ရှင်းတော်မူသောအရှင်… ကိုယ်တော်သည် ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူပြီး ကိုယ်တော်၏ တရားစီရင်ခြင်းသည် တရားမျှတပါ၏။ Common Language Bible ရေကိုစောင့်သည့်ကောင်းကင်တမန်က``ပစ္စုပ္ပန် အတိတ်ကာလတို့တွင်ရှိတော်မူ၍သန့်ရှင်း မြင့်မြတ်တော်မူသောအရှင်၊ ကိုယ်တော်စီရင် တော်မူချက်သည်ဖြောင့်မှန်ပါ၏။- Garrad Bible ရေ စောင့် တ မန် တော် က ပ စ္စု ပ္ပန်၊ အ တိတ် တည် လျက် အို သန့် ရှင်း တော် မူ သော အ ရှင်၊ ဤ သို့ စီ ရင် တော် မူ ရာ ၌ ဖြောင့် မတ် လှ ပါ ၏။ Judson Bible ကောင်းကင်တမန်ကလည်း၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည် အမှုမှာ ဖြောင့်မတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရေနှင့်ဆိုင်သောကောင်းကင်တမန်က “ယခုရှိလျက် ယခင်ကလည်းရှိသည့် သန့်ရှင်းတော်မူသောအရှင်၊ ဤအမှုအရာများကို ကိုယ်တော်စီရင်တော်မူသောကြောင့် ကိုယ်တော်သည်ဖြောင့်မတ်ပါ၏။ |
တရားမျှတတော်မူသောအဖ… လောကီသားတို့သည် ကိုယ်တော်ကို မသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤတပည့်တော်တို့သိကြပါ၏။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
သို့သော်လည်း ကျွန်ုပ်တို့၏ မတရားမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပေါ်လွင်ထင်ရှားစေလျှင် မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့အပေါ် အမျက်တော်ကျရောက်စေတော်မူသော ဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ ဤအရာကို လူသားတစ်ယောက်အနေဖြင့် ကျွန်ုပ်ပြောဆိုခြင်းဖြစ်၏။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။
“ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အကျွန်ုပ်တို့ကျေးဇူးတင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မဟာတန်ခိုးကို ခံယူ၍ အုပ်စိုးတော်မူသောကြောင့်ဖြစ်၏။
တတိယကောင်းကင်တမန်သည် သူ၏ ဖလားကို မြစ်များနှင့် စမ်းရေတွင်းများပေါ်သို့ သွန်းလောင်းလိုက်သောအခါ ရေသည် သွေးဖြစ်သွား၏။
ထို့နောက် “မှန်ပါ၏။ အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟူ၍ ယဇ်ပလ္လင်မှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်၏ စီရင်တော်မူချက်တို့သည် မှန်ကန်၍ တရားမျှတသောကြောင့်ဖြစ်၏။ တရားနှင့်မညီသော မေထုန်ကိုပြုခြင်းဖြင့် ကမ္ဘာလောကကို ပျက်စီးစေသော ပြည့်တန်ဆာကြီးကို စီရင်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့ကို သတ်သောကြောင့် လက်တုံ့ပြန်တော်မူပြီ” ဟူ၍ ဖြစ်၏။
သတ္တဝါလေးပါးတွင် တောင်ပံခြောက်ခုစီရှိ၍ တောင်ပံအတွင်းနှင့်အပြင်၌ မျက်လုံးများအပြည့်ရှိ၏။ သူတို့က “ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟူ၍ နေ့ညမပြတ် ကြွေးကြော်နေကြ၏။
ထိုသူတို့က “သန့်ရှင်း၍ မှန်ကန်တော်မူပြီး အရာအားလုံးကို အုပ်စိုးတော်မူသောဘုရားသခင်… ကမ္ဘာလောက၌ နေထိုင်ကြသောကျွန်ုပ်တို့ကို သတ်သောသူတို့အား စီရင်တော်မမူ၊ လက်တုံ့ပြန်တော်မမူဘဲ မည်မျှကြာကြာ နေတော်မူမည်နည်း” ဟု ကျယ်လောင်စွာ ဟစ်အော်ကြ၏။