ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ဗျာဒိတ် 16:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဖားနှင့်တူသော နတ်ဆိုးသုံးကောင်ကို ကျွန်ုပ်မြင်ရ၏။ ထိုနတ်ဆိုးတို့သည် နဂါး၊ သားရဲနှင့် ပရောဖက်အတုအယောင်တို့၏ ခံတွင်းအသီးသီးမှ ထွက်လာကြ၏။ Common Language Bible ထိုနောက်ငါသည်ဖားနှင့်တူသည့်ညစ်ညမ်းသော နတ်သုံးပါးကိုတွေ့မြင်ရ၏။ သူတို့သည်နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့၏ခံတွင်းအသီး သီးမှထွက်လာကြ၏။- Garrad Bible ထို အ ခါ နိ မိတ် ပြ လျက် အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင့် နေ့ တော် ကြီး စစ် ပွဲ သို့ တစ် လော က လုံး ရှိ ဘု ရင် မင်း တို့ ကို စု ရုံး စေ ရန် ထွက် သွား သည့် မ သန့် သော ဝိ ညာဉ်၊ နတ် ဆိုး သုံး ကောင် သည် န ဂါး၏ ခံ တွင်း၊ သား ရဲ၏ ခံ တွင်း၊ မိ စ္ဆာ ပ ရော ဖက်၏ ခံ တွင်း များ မှ ဖား သ ဖွယ် ထွက် လာ ပြီး လျှင်၊ Judson Bible ထိုအခါ၊ နဂါး၏ ခံတွင်းထဲကလည်းကောင်း၊ သားရဲ၏ ခံတွင်းထဲကလည်းကောင်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲကလည်းကောင်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည်ကို ငါမြင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် နဂါး၏ခံတွင်းမှလည်းကောင်း၊ သားရဲ၏ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်၏ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့် ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်လာသည်ကို ငါမြင်ရ၏။ |
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
သူတို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ရာနေ့ရက်ကြီးတွင် ဆင်နွှဲမည့်စစ်ပွဲအတွက် ကမ္ဘာတစ်ဝန်းလုံးရှိ ရှင်ဘုရင်များကို စုဝေးရန် ထွက်ခွာသွားကြ၏။
ထိုကောင်းကင်တမန်က “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤမြို့သည် နတ်ဆိုးတို့ နေထိုင်ရာအရပ်၊ ညစ်ညမ်းသောနတ်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းသောငှက်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းမုန်းတီးဖွယ်တိရစ္ဆာန်တို့ ခိုအောင်းရာအရပ် ဖြစ်လေပြီ။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။