ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။
ဗျာဒိတ် 16:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ခံစားရသောဝေဒနာနှင့် အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့၏အကျင့်ဆိုးများအတွက်လည်း နောင်တမရကြ။ Common Language Bible မိမိတို့၏ဝေဒနာနှင့်အနာစိမ်းများကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုကျိန်ဆဲကြ ၏။ မိမိတို့၏အပြစ်များအတွက်နောင်တမရ ကြ။ Judson Bible မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။ မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။ |
ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။
ထိုအချိန်တွင် အလွန်ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုကျသွား၏။ ထိုငလျင်ဒဏ်ကြောင့် လူခုနစ်ထောင် သေဆုံး၍ အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြ၏။
ပထမကောင်းကင်တမန်သည် သူ၏ ဖလားကို ကမ္ဘာမြေကြီးပေါ်သို့ သွန်းလောင်းလိုက်သောအခါ သားရဲ၏ အမှတ်တံဆိပ်ရှိသောသူတို့နှင့် သားရဲ၏ရုပ်တုကို ကိုးကွယ်သောသူတို့၌ အလွန်ဆိုးရွားသောအနာစိမ်းများ ပေါက်လေ၏။
အလေးချိန်ပေါင်တစ်ရာခန့် ရှိသော မိုးသီးတို့သည် ကောင်းကင်မှ လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုးသီးဘေးဒဏ် အလွန်ပြင်းထန်သောကြောင့် လူတို့သည် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
လူတို့သည် ပြင်းထန်သော အပူရှိန်ကြောင့် လောင်ကျွမ်းခြင်းကို ခံရသဖြင့် ဤဘေးဒဏ်များကျရောက်စေရန် အခွင့်အာဏာရှိသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ သူတို့သည် နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုလည်း မချီးမွမ်းကြ။
ငါသည် သူ့အား နောင်တရရန် အခွင့်အရေးပေးခဲ့သော်လည်း သူသည် တရားနှင့်မညီသော မေထုန်ပြုခြင်းအတွက် နောင်တရရန် ငြင်းဆန်ခဲ့၏။