ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ဗျာဒိတ် 16:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဗိမာန်တော်ထဲမှ “သွားလော့။ ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသောဖလား ခုနစ်လုံးကို ကမ္ဘာမြေပေါ်သို့ သွန်းလောင်းလော့” ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ကျယ်လောင်စွာ ပြောသည့်အသံကို ကျွန်ုပ်ကြားရ၏။ Common Language Bible ထိုနောက်ဗိမာန်တော်ထဲမှကျယ်သောအသံ ထွက်ပေါ်လာ၏။ ထိုအသံက``ကမ္ဘာမြေပေါ် သို့ဘုရားသခင်၏အမျက်တော်ဖလား ခုနစ်လုံးကိုသွန်းလောင်းလော့'' ဟုကောင်းကင် တမန်ခုနစ်ပါးတို့အားပြောဆိုသည်ကို ငါကြားရ၏။ Garrad Bible စေ တ မန် တော် ခု နစ် ပါး တို့ အား သွား ၍ ဘု ရား သ ခင့် အ မျက် တော် ဖ လား ခု နစ် လုံး ကို မြေ ကြီး ပေါ် သို့ သွန်း လောင်း လော့ ဟု ဗိ မာန် တော် မှ ကျယ် သော အ သံ ကို ငါ ကြား ရ ပြီး နောက်၊ Judson Bible ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။ |
ထိုအခါ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၏ ဗိမာန်တော်သည် ပွင့်၍ ကိုယ်တော်၏ဗိမာန်တော်၌ ပဋိညာဉ်သေတ္တာတော်ကို မြင်ရ၏။ ထို့နောက် လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း၊ ငလျင်လှုပ်ခြင်း၊ ကြီးမားသောမိုးသီးကျခြင်းတို့ ဖြစ်လေ၏။
ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင် ထိုင်နေသောသူအား “မြေကြီးပေါ်၌ သီးနှံများ ဝင်းမှည့်၍ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏ တံစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
ထိုအခါ မီးကို အုပ်စိုးခွင့်ရှိသည့် ယဇ်ပလ္လင်မှ ထွက်လာသောအခြားကောင်းကင်တမန်တစ်ပါးက တံစဉ်ကိုင်ထားသော ကောင်းကင်တမန်အား “ကမ္ဘာလောကရှိ စပျစ်သီးများ ဝင်းမှည့်ပြီဖြစ်၍ သင်၏ ထက်သောတံစဉ်ဖြင့် ထိုစပျစ်ခိုင်တို့ကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
ထို့နောက် ကောင်းကင်ဘုံ၌ အံ့ဖွယ်နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် နောက်ဆုံးဘေးဒဏ်ခုနစ်ပါး ကိုင်ဆောင်ထားသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုဘေးဒဏ်တို့ဖြစ်ပျက်ပြီးနောက် ဘုရားသခင်၏ အမျက်တော်အဆုံးသတ်မည်ဖြစ်သောကြောင့် နောက်ဆုံးဘေးဒဏ်ဟု ဆိုရ၏။
ထို့နောက် သတ္တမကောင်းကင်တမန်သည် သူ၏ ဖလားကို လေထဲသို့ သွန်းလောင်းလိုက်သောအခါ “အမှုပြီးမြောက်ပြီ” ဟု ဗိမာန်တော်အတွင်းရှိ ရာဇပလ္လင်တော်မှ ကျယ်လောင်စွာ ပြောဆိုသောအသံ ထွက်လာ၏။