ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။
ဗျာဒိတ် 14:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့လည်းကောင်း ကောင်းကင်ဘုံမှ အသံကို ကျွန်ုပ်ကြားရ၏။ ကျွန်ုပ်ကြားရသောအသံမှာ စောင်းသမားများစောင်းတီးနေသောအသံကဲ့သို့ ဖြစ်၏။ Common Language Bible ကောင်းကင်မှသမုဒ္ဒရာဟုန်းသံနှင့်မိုးချုန်း သံကြီးကဲ့သို့သောအသံကို ငါကြားရ၏။ ထိုအသံသည်စောင်းသမားများတီးသည့် စောင်းသံနှင့်တူ၏။- Garrad Bible ကောင်း ကင် ဘုံ မှ သ မု ဒ္ဒ ရာ ဟုန်း သံ၊ ကျယ် စွာ သော မိုး ချုန်း သံ၊ စောင်း သ မား တို့ စောင်း တီး သံ ကဲ့ သို့၊ Judson Bible သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုးကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ကျယ်လောင်သောမိုးကြိုးသံနှင့်လည်းကောင်း တူသည့် ကောင်းကင်မှအသံကို ငါကြားရ၏။ ငါကြားရသောထိုအသံသည် စောင်းသမားများ မိမိတို့စောင်းများတီးခတ်နေသည့်အသံနှင့်လည်းတူ၏။ |
ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။
သူ၏ခြေတို့သည် မီးပြင်းဖို၌ ချွတ်၍ သန့်စင်ထားသော ကြေးဝါကဲ့သို့ တောက်ပနေပြီး သူ၏အသံသည် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့ဖြစ်၏။
ထိုအခါ ကောင်းကင်ဘုံမှ “ဤအရပ်သို့ တက်လာလော့” ဟု ကျယ်လောင်သောခေါ်သံကို ထိုပရောဖက်နှစ်ပါးတို့ကြားရ၏။ ရန်သူတို့သည် သူတို့ကိုကြည့်ရှုစဉ်တွင် သူတို့သည် မိုးတိမ်ခြုံလွှမ်းလျက် ကောင်းကင်သို့ တက်သွားကြ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
ထို့ပြင် မီးနှင့်ရောသည့် ဖန်ပင်လယ်နှင့် တူသောအရာကို ကျွန်ုပ်မြင်ရပြန်၏။ သားရဲကိုလည်းကောင်း၊ သူ၏ ရုပ်တုကိုလည်းကောင်း၊ သူ၏ အမည်ကို ကိုယ်စားပြုသောကိန်းဂဏန်းကိုလည်းကောင်း အောင်နိုင်သောသူတို့သည် ဘုရားသခင် ပေးအပ်သော စောင်းကို ကိုင်ဆောင်၍ ထိုဖန်ပင်လယ်ဘေးတွင် ရပ်နေကြ၏။
စောင်းသမား၊ ဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏ တီးမှုတ်သံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ အမျိုးမျိုးသော လက်မှုအတတ်ပညာရှင်များကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ တွေ့ရတော့မည် မဟုတ်။ ကြိတ်ဆုံသံများကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။
သိုးသငယ်တော်သည် စာလိပ်ကို ယူသောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် သိုးသငယ်တော်ရှေ့၌ ဝပ်တွားခယကြ၏။ သူတို့တစ်ဦးစီသည် စောင်းကိုလည်းကောင်း၊ အမွှေးနံ့သာနှင့်ပြည့်သော ရွှေဖလားကိုလည်းကောင်း ကိုင်ဆောင်ထားကြ၏။ ထိုရွှေဖလား၌ရှိသော အမွှေးနံ့သာများသည် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များကို ကိုယ်စားပြု၏။
သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ် ဖွင့်သည်ကို ကျွန်ုပ်မြင်၏။ ထို့နောက် သတ္တဝါလေးပါးအနက် တစ်ပါးက မိုးခြိမ်းသံကဲ့သို့သောအသံဖြင့် “လာလော့” ဟု ဆိုသည်ကို ကျွန်ုပ်ကြားရ၏။
ပထမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ သွေးနှင့်ရောသော မိုးသီးနှင့်မီးတို့သည် ကမ္ဘာမြေပေါ်သို့ကျလေ၏။ ကမ္ဘာမြေ၏သုံးပုံတစ်ပုံ၊ သစ်ပင်သုံးပုံတစ်ပုံနှင့် စိမ်းစိုသောမြက်ပင်ရှိသမျှတို့သည် လောင်ကျွမ်းကုန်၏။