ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
ဖိလိပ္ပိ 4:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ၍ ပြောမည်။ ဝမ်းမြောက်ကြလော့။ Common Language Bible သင်တို့သည်သခင်ဘုရားနှင့် တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ Garrad Bible အ ရှင် ဘု ရား၌ အ စဉ် ရွှင် လန်း ကြ လော့ တ ဖန် ငါ ဆို သည် ကား ရွှင် လန်း ကြ လော့။ Judson Bible သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရား၌ အစဉ်အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ |
ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
သန်းခေါင်အချိန်တွင် ပေါလုနှင့် သိလတို့သည် ဘုရားသခင်ထံ ဆုတောင်း၍ ဓမ္မသီချင်းများကို သီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း နားထောင်နေကြ၏။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ၌ သည်းခံ၍ မပျက်မကွက်ဆုတောင်းကြလော့။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
သို့သော် ကျွန်ုပ်တို့ဖြစ်စေ၊ ကောင်းကင်ဘုံမှ ကောင်းကင်တမန်ဖြစ်စေ သင်တို့အား ကျွန်ုပ်တို့ဟောပြောခဲ့သော သတင်းကောင်းမဟုတ်သည့် အခြားသတင်းကောင်းကို ဟောပြောလျှင် ဟောပြောသောသူသည် ကျိန်ဆိုခြင်းကို ခံရပါစေ။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် ဝမ်းမြောက်ကြလော့။ သင်တို့ထံ ယခင်က ကျွန်ုပ် ရေးခဲ့သော အကြောင်းအရာများကို ယခုထပ်မံ၍ ရေးရခြင်းသည် ကျွန်ုပ်အတွက် အပန်းမကြီးပေ။ မှားယွင်းသောသွန်သင်မှုဘေးမှ သင်တို့ကို ပို၍ ကာကွယ်ရန် ဖြစ်၏။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။