ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
ဖိလိပ္ပိ 2:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ပြုတော်မူခြင်းမှာ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိကြသည့် သတ္တဝါအားလုံးသည် ယေရှုခရစ်တော်ကို ရိုသေသောအားဖြင့် ဒူးထောက်၍ Common Language Bible ထို့ကြောင့်မိုးမြေနှင့်မြေအောက်ရှိ သတ္တဝါအပေါင်းတို့သည် သခင်ယေရှု၏နာမတော်ကိုရိုသေဦးညွှတ်လျက်၊ Judson Bible အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား အထက်ကောင်းကင်အရပ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိရှိသမျှတို့သည် ယေရှု၏နာမတော်၌ ဒူးထောက်၍ |
ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
ထို့နောက် သူတို့သည် ဆူးခက်ဖြင့် ရက်ထားသောသရဖူတစ်ခုကို ကိုယ်တော်၏ ဦးခေါင်းတော်၌ ဆောင်းပေးကြ၏။ ကျူရိုးတစ်ချောင်းကို ရာဇလှံတံအဖြစ် လက်ယာလက်တော်တွင် ကိုင်စေကြ၏။ ထို့နောက် ကိုယ်တော်၏ ရှေ့တော်တွင် ဒူးထောက်လျက် “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုကြ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
သို့သော် ဘုရားသခင်သည် ဧလိယအား မည်သို့ပြန်၍ မိန့်တော်မူသနည်း။ ဘုရားသခင်က “သင်တစ်ဦးတည်း မဟုတ်ပါ။ ဗာလဘုရားကို ဦးမချမကိုးကွယ်သော အခြားလူ ခုနစ်ထောင်ကို ငါ့အတွက် ချန်ထားပြီ” ဟု ဖြေတော်မူ၏။
ထိုအကြံအစည်တော်သည် အချိန်ကျသောအခါ ကောင်းကင်နှင့် မြေကြီး၌ ရှိသမျှသောအရာအားလုံးကို ခရစ်တော်၏ အာဏာစက်အောက်၌ ပေါင်းစည်းစေရန် ဖြစ်၏။
ဤအကြောင်းကြောင့် ကျွန်ုပ်သည် ကောင်းကင်ဘုံသားနှင့် လောကီဘုံသားတို့၏ အမျိုးအနွယ်ကို ဖန်ဆင်းတော်မူသော အဖဘုရားသခင်ထံ ဒူးထောက်လျက်
“တက်ကြွတော်မူသောအခါ” ဟု ဆိုရာတွင် ကိုယ်တော်သည် အောက်အရပ် ဖြစ်သော မြေကြီးသို့ ဆင်းကြွတော်မူခဲ့ကြောင်းကို ညွှန်းဆိုသည် မဟုတ်လော။
ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကသို့ စေလွှတ်တော်မူသောအခါ “ဘုရားသခင်၏ ကောင်းကင်တမန်အားလုံးတို့သည် ထိုအရှင်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။
ပင်လယ်ရှိ သေလွန်သောသူတို့သည် ဘုရားသခင်ရှေ့တော်သို့ ရောက်လာကြ၏။ အရပ်ရပ်ရှိ သေလွန်သောသူတို့နှင့် မရဏနိုင်ငံရှိ သေလွန်သောသူတို့သည်လည်း ဘုရားသခင်ရှေ့တော်သို့ ရောက်လာကြ၏။ လူအပေါင်းတို့သည် မိမိတို့၏အကျင့်နှင့်အညီ တရားစီရင်ခံရ၏။
အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်ရှေ့၌ ဝပ်တွားခယ၍ အစဉ်ထာဝရအသက်ရှင်တော်မူသောအရှင်ကို ကိုးကွယ်ကြ၏။ ထိုအကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် မိမိတို့၏သရဖူများကို ရာဇပလ္လင်တော်ရှေ့၌ ချထားလျက်
သို့သော် ကောင်းကင်၌ဖြစ်စေ၊ မြေကြီး၌ဖြစ်စေ၊ မြေကြီးအောက်၌ဖြစ်စေ ထိုစာလိပ်ကို ဖွင့်ကြည့်ရန် မည်သူမျှ မတတ်စွမ်းနိုင်ပေ။