သူတို့သည် မုသိပြည်သို့ ရောက်လာသောအခါ ဗိသုနိပြည်သို့ သွားရန်ကြိုးစားကြ၏။ သို့သော် ယေရှု၏ဝိညာဉ်တော်သည် ခွင့်မပြုသောကြောင့်
ဖိလိပ္ပိ 1:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဆုတောင်းခြင်းနှင့် ယေရှုခရစ်တော်၏ ဝိညာဉ်တော်ကူညီမစခြင်းတို့ဖြင့် ဤအခြေအနေမှ ကျွန်ုပ်လွတ်မြောက်မည်ကို သိသောကြောင့် ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။- Garrad Bible အ သို့ ဆို သော် ငါ သည် မည် သည့် အ ရာ၌ မျှ အ ရှက် မ ကွဲ ရ ဘဲ အ ခါ ခပ် သိမ်း နည်း တူ ယ ခု လည်း ရဲ ရင့် ခြင်း နှင့် ပြည့် စုံ၍ ရှင် သည် ဖြစ် စေ၊ သေ သည် ဖြစ် စေ ငါ့ ကိုယ် ခ န္ဓာ ဖြင့် ခ ရစ် တော်၏ ဘုန်း တော် ကို ထင် ရှား စေ မည် ဟု အား ကြီး စွာ တောင့် တ မျှော် လင့် သည် နှင့် အ ညီ သင် တို့ တောင်း လျှောက် ခြင်း၊ ယေ ရှု ခ ရစ် ၏ ဝိ ညာဉ် တော် မ စ ခြင်း များ ကြောင့် ဆို ခဲ့ သော အ ကြောင်း အ ရာ သည် ငါ့ ကို ကယ် တင် သော အ ကြောင်း အ ရာ ဖြစ် မည် ဟု ငါ သိ ၏။ Judson Bible အဘယ်သို့နည်း ဟူမူကား၊ ငါသည် အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊ ယခုပင် ထင်ရှားတော်မူမည်ဟု ငါမျှော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ ဆုတောင်းသဖြင့်လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့်လည်းကောင်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့၏ဆုတောင်းခြင်းများနှင့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ထံမှလာသော ကူညီမစခြင်းအားဖြင့် ဤအခြင်းအရာသည် ငါ၏လွတ်မြောက်ရာအကြောင်းဖြစ်မည်ဟု ငါသိ၏။ |
သူတို့သည် မုသိပြည်သို့ ရောက်လာသောအခါ ဗိသုနိပြည်သို့ သွားရန်ကြိုးစားကြ၏။ သို့သော် ယေရှု၏ဝိညာဉ်တော်သည် ခွင့်မပြုသောကြောင့်
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
သို့သော် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ ဝိညာဉ်တော်ကို မရသောသူသည် ခရစ်တော်နှင့် မသက်ဆိုင်။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
သင်တို့သည်လည်း ကျွန်ုပ်တို့ကို ဆုတောင်းခြင်းဖြင့် ကူညီနေကြသည် ဖြစ်၍ လူများစွာတို့၏ ဆုတောင်းခြင်းကို ဘုရားသခင် အဖြေပေးတော်မူလိမ့်မည်။ ထို့ကြောင့် လူများစွာတို့သည် ကျွန်ုပ်တို့ ခံစားရသောဆုကျေးဇူးများကို ထောက်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။
ထပ်မံ၍ မေးလိုသည်မှာ ဘုရားသခင်သည် သင်တို့အား ဝိညာဉ်တော်ကို ပေးတော်မူ၍ သင်တို့အလယ်၌ အံ့ဖွယ်တန်ခိုးတို့ကို ပြတော်မူသည်မှာ ပညတ်တရားကို သင်တို့လိုက်နာသောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို သင်တို့ယုံကြည်သောကြောင့်လော။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားများဖြစ်ကြသောကြောင့် ဘုရားသခင်သည် သားတော်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲသို့ စေလွှတ်တော်မူ၍ ထိုဝိညာဉ်တော်ကြောင့် ကျွန်ုပ်တို့က “အဗ္ဗ၊ အဖ” ဟု ကြွေးကြော်ကြ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ဟန်ဆောင်၍ပင် ဖြစ်စေ၊ ရိုးသား၍ပင် ဖြစ်စေ မည်သည့်နည်းဖြင့်မဆို ခရစ်တော်၏အကြောင်းကို ဟောပြောခြင်းဖြစ်သောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။ ဆက်၍လည်း ဝမ်းမြောက်နေဦးမည်။
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။