ယုဒပြည်ကို အုပ်ချုပ်သောဟေရုဒ်မင်း လက်ထက်၌ ဇာခရိဟု ခေါ်သော ယဇ်ပုရောဟိတ်တစ်ပါး ရှိ၏။ ထိုသူသည် အဘိယ ယဇ်ပုရောဟိတ် အဖွဲ့ဝင်တစ်ဦး ဖြစ်၍ သူ၏ဇနီးဖြစ်သော ဧလိရှဗက်သည်လည်း ယဇ်ပုရောဟိတ်အနွယ်ဝင် အာရုန်မှ ဆင်းသက်သောသူဖြစ်၏။
တိတု 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်းအုပ်တို့သည် အပြစ်ကင်းသူ၊ မယားတစ်ယောက်တည်းရှိသူ ဖြစ်ရမည်။ သူတို့၏သားသမီးများသည် သခင်ဘုရားကို ယုံကြည်ရမည်။ ပျော်ပါးသောက်စားသူများ၊ မနာခံသူများဟူသော စွပ်စွဲခံရခြင်းနှင့် ကင်းရမည်။ Common Language Bible အသင်းတော်ကိုအုပ်ထိန်းသူသည်အပြစ်ဆို စရာမရှိသူဖြစ်ရမည်။ သူ့မှာဇနီးတစ်ယောက် သာရှိရမည်။ သူ၏သားသမီးများသည်ယုံ ကြည်သူများဖြစ်ရမည်။ အပျော်ကြူးသူများ၊ စကားနားမထောင်သူများမဖြစ်စေရ။- Judson Bible အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ ဖြစ်လျှင်လည်းကောင်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်လည်းကောင်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။- မြန်မာ့စံမီသမ္မာကျမ်း အသင်းတော်အကြီးအကဲသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ရမည်ဖြစ်ပြီး အပျော်ကြူးခြင်းကြောင့်စွပ်စွဲခံရသူများ၊ သို့မဟုတ် နာခံမှုမရှိသောသူများမဖြစ်ရ။ |
ယုဒပြည်ကို အုပ်ချုပ်သောဟေရုဒ်မင်း လက်ထက်၌ ဇာခရိဟု ခေါ်သော ယဇ်ပုရောဟိတ်တစ်ပါး ရှိ၏။ ထိုသူသည် အဘိယ ယဇ်ပုရောဟိတ် အဖွဲ့ဝင်တစ်ဦး ဖြစ်၍ သူ၏ဇနီးဖြစ်သော ဧလိရှဗက်သည်လည်း ယဇ်ပုရောဟိတ်အနွယ်ဝင် အာရုန်မှ ဆင်းသက်သောသူဖြစ်၏။
ဘဝပျက်စေသော သောက်စားမူးယစ်ခြင်းကို ရှောင်ကြဉ်၍ သင်တို့၏ ဘဝကို ဝိညာဉ်တော်နှင့် ပြည့်ဝစေကြလော့။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… ပျင်းရိသူများကို သတိပေးဆုံးမကြလော့။ စိတ်ပျက်အားလျော့သူများကို အားပေးကြလော့။ အားနည်းသူများကို ကူညီကြလော့။ လူတိုင်းအပေါ်တွင် စိတ်ရှည်ကြလော့။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် ဖြောင့်မတ်သူတို့အတွက် ချမှတ်ထားသည်မဟုတ်ဘဲ ပညတ်တရားကို မကျင့်သုံးသူများ၊ မနာခံသူများ၊ ဘုရားတရားမဲ့သူများ၊ အပြစ်သားများ၊ မသန့်ရှင်းသူများ၊ ဘုရားတရားမကိုင်းရှိုင်းသူများ၊ မိဘကို သတ်သူများ၊ လူသတ်သမားများ၊
သင်းထောက်သည် မယားတစ်ယောက်တည်းရှိသူ၊ သားသမီးများနှင့် အိမ်သူအိမ်သားများကို ကောင်းစွာ ဦးဆောင်စီမံနိုင်သူ ဖြစ်ရမည်။
အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သောစကားများပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် အရေပြားလှီးခြင်းမင်္ဂလာခံယူခြင်းကို တိုက်တွန်းသူများထဲတွင် ရှိကြ၏။