တိတု 1:6 - Common Language Bible6 အသင်းတော်ကိုအုပ်ထိန်းသူသည်အပြစ်ဆို စရာမရှိသူဖြစ်ရမည်။ သူ့မှာဇနီးတစ်ယောက် သာရှိရမည်။ သူ၏သားသမီးများသည်ယုံ ကြည်သူများဖြစ်ရမည်။ အပျော်ကြူးသူများ၊ စကားနားမထောင်သူများမဖြစ်စေရ။- အခန်းကိုကြည့်ပါ။Judson Bible6 အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ ဖြစ်လျှင်လည်းကောင်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်လည်းကောင်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အသင်းတော်အကြီးအကဲသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ရမည်ဖြစ်ပြီး အပျော်ကြူးခြင်းကြောင့်စွပ်စွဲခံရသူများ၊ သို့မဟုတ် နာခံမှုမရှိသောသူများမဖြစ်ရ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 သင်းအုပ်တို့သည် အပြစ်ကင်းသူ၊ မယားတစ်ယောက်တည်းရှိသူ ဖြစ်ရမည်။ သူတို့၏သားသမီးများသည် သခင်ဘုရားကို ယုံကြည်ရမည်။ ပျော်ပါးသောက်စားသူများ၊ မနာခံသူများဟူသော စွပ်စွဲခံရခြင်းနှင့် ကင်းရမည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-
သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-