တမန်တော်ဝတ္ထု 9:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသဖြင့် ပေတရုသည် လုဒ္ဒမြို့တွင် ရောက်ရှိနေကြောင်း ကြားသိသောတပည့်တော်များက လူနှစ်ယောက်ကို ပေတရုထံသို့လွှတ်၍ “ကျွန်ုပ်တို့ထံ အလျင်အမြန်လာပါ” ဟု တောင်းပန်ကြ၏။ Common Language Bible လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။- Garrad Bible ယု ပ္ပေ မြို့ နှင့် နီး သော လု ဒ မြို့၌ ပေ တ ရု ရှိ ကြောင်း ကို တ ပည့် တော် တို့ ကြား သိ သည့် ကာ လ၊ ကျွန် တော် တို့ ထံ မ ဖင့် မ နွဲ့ ကြွ ခဲ့ တော် မူ ပါ ဟု လူ နှစ် ယောက် စေ လွှတ် ပင့် ခေါ် ကြ သည့် အ တိုင်း၊ Judson Bible လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရုရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည်အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယုပ္ပေမြို့သည် လုဒ္ဒမြို့နှင့် နီးသည်ဖြစ်၍ လုဒ္ဒမြို့တွင် ပေတရုရှိကြောင်း တပည့်တော်တို့ကြားလျှင် လူနှစ်ဦးကို သူ့ထံသို့စေလွှတ်ကာ “အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာခဲ့ပါ”ဟု တောင်းပန်ကြ၏။ |
ထိုအခါ ကော်နေလိက ကောင်းကင်တမန်သည် သူ၏အိမ်တွင်ရပ်လျက် ‘ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟု ခေါ်သော ရှိမုန်ကို ဖိတ်လော့။
ရှောလုကို တွေ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်ဆောင်လာ၏။ ထိုမြို့၌ တစ်နှစ်ပတ်လုံး အသင်းတော်နှင့်တွေ့ဆုံစည်းဝေး၍ လူများစွာကို သွန်သင်ပေးလေ၏။ တပည့်တော်များသည် ခရစ်ယာန်ဟု အန္တိအုတ်မြို့တွင် ပထမဦးဆုံးခေါ်ဝေါ်ခြင်း ခံကြရ၏။
“ကျွန်ုပ်သည် ယုပ္ပေမြို့တွင် ဆုတောင်းလျက်ရှိနေစဉ် ပီတိဘဝင်ဖြစ်၍ ရူပါရုံတစ်ခုကို မြင်ရ၏။ ကောင်းကင်မှ ထောင့်လေးထောင့်ဖြင့် ထိန်းလျက် လျှောချသည့် ပိတ်ထည်စကြီးကဲ့သို့သောအရာသည် ကျွန်ုပ်အနားသို့ တဖြည်းဖြည်းကျဆင်းလာ၏။
အစာစားသဖြင့် ခွန်အားပြန်လည် ပြည့်လေ၏။ ရှောလုသည် ဒမတ်စကပ်မြို့မှ တပည့်တော်များနှင့် ရက်အနည်းငယ် နေထိုင်လေ၏။
ပေတရုသည် အရပ်ရပ်သို့ လှည့်လည်သွားလာပြီး လုဒ္ဒမြို့ရှိ ယုံကြည်သူများထံသို့ ရောက်လေ၏။
ယုပ္ပေမြို့တွင် ဂရိဘာသာစကားအားဖြင့် ဒေါ်ကာဟု ခေါ်သော၊ တဗိသအမည်ရှိသည့် တပည့်တော်မတစ်ယောက်ရှိ၏။ ထိုအမျိုးသမီးသည် အကျင့်သီလကောင်း၍ အလှူအတန်းရက်ရောသူဖြစ်၏။
ထိုသတင်းသည် ယုပ္ပေတစ်မြို့လုံး ပျံ့နှံ့သွား၍ လူများစွာတို့သည် သခင်ဘုရားအား ယုံကြည်သက်ဝင်လာကြ၏။
ပေတရုသည်လည်း ယုပ္ပေမြို့သားဖြစ်သော သားရေအလုပ်သမား ရှိမုန်ထံ၌ ရက်ပေါင်းများစွာ တည်းခိုလေ၏။