ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 9:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီး ကွယ်လွန်သွား၏။ လူတို့က သူ၏အလောင်းကို ဆေးကြောသန့်စင်ကာ အပေါ်ထပ်အခန်း၌ ထားကြ၏။ Common Language Bible သူသည်ဖျားနာ၍သေလေ၏။ သူ၏အလောင်း ကိုရေချိုးပေးကြပြီးသော်အိမ်၏အထက် ခန်းတွင်ပြင်ထားကြ၏။- Garrad Bible နာ၍ သေ လွန် သော် ရေ ချိုး လျက် အ ထက် ခန်း တွင် ပြင် ထား ကြ ပြီး လျှင်၊ Judson Bible ထိုအခါ၌ နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌တင်ထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီးသေဆုံးသွားသဖြင့် လူတို့သည် သူ၏အလောင်းကိုရေချိုးပေးပြီးလျှင် အထက်ခန်း၌ ထားကြ၏။ |
ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။
ထို့ကြောင့် ပေတရုသည် သူတို့နှင့် လိုက်သွားလေ၏။ အိမ်သို့ရောက်သောအခါ သူတို့က အပေါ်ထပ်အခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့သည် ပေတရုအနားတွင် ရပ်ကာငိုကြွေးလျက် သူတို့နှင့်အတူရှိစဉ်က တဗိသချုပ်ပေးခဲ့သော အင်္ကျီနှင့်အဝတ်အစားများကို ပြကြလေ၏။