သင်္ချိုင်းဂူများ ပွင့်၍ သေလွန်ပြီးသောယုံကြည်သောသူများစွာတို့၏ ကိုယ်ခန္ဓာသည် ရှင်ပြန်ထမြောက်ကြ၏။
တမန်တော်ဝတ္ထု 9:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုသည် အရပ်ရပ်သို့ လှည့်လည်သွားလာပြီး လုဒ္ဒမြို့ရှိ ယုံကြည်သူများထံသို့ ရောက်လေ၏။ Common Language Bible ပေတရုသည်အရပ်ရပ်သို့လှည့်လည်သွား လာ၏။ အခါတစ်ပါး၌လုဒ္ဒမြို့ရှိဘုရား သခင်၏လူစုတော်ထံသို့ရောက်ရှိလာ၏။- Garrad Bible ပေ တ ရု သည် ဒေ သ စာ ရီ လှည့် လည် စဉ် လု ဒ မြို့ နေ သီး သန့် ထား သူ တို့ ထံ ရောက် သော်၊ Judson Bible ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည်တွင် သန့်ရှင်းသူတို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည် အရပ်ရပ်သို့လှည့်လည်၍ လုဒ္ဒမြို့၌နေထိုင်သော သန့်ရှင်းသူများထံသို့ရောက်လာခဲ့ရာ |
သင်္ချိုင်းဂူများ ပွင့်၍ သေလွန်ပြီးသောယုံကြည်သောသူများစွာတို့၏ ကိုယ်ခန္ဓာသည် ရှင်ပြန်ထမြောက်ကြ၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဂျေရုဆလင်မြို့၌လည်း ထိုအတိုင်းပြုခဲ့ပါ၏။ အကျွန်ုပ်သည် ယဇ်ပုရောဟိတ်မင်းအကြီးအကဲတို့ထံမှရသော အခွင့်အာဏာဖြင့် ယုံကြည်သူများစွာကို ထောင်ချရုံသာမက သူတို့သေဒဏ်ချမှတ်ခံရသောအခါ၌လည်း ထောက်ခံခဲ့ပါ၏။
ဂျေရုဆလင်မြို့ရှိ တမန်တော်တို့သည် ရှမာရိပြည်သားများက ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ခံယူကြောင်း ကြားသိသောအခါ ပေတရုနှင့် ယောဟန်တို့ကို ရှမာရိနယ်သို့ လွှတ်လိုက်ကြ၏။
ပေတရုနှင့် ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်အား သက်သေခံဟောပြောပြီးသည့်နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြကာ ရှမာရိရွာများ၌ သတင်းကောင်းကို ဟောပြောကြ၏။
သို့သော်လည်း အာနနိက “သခင်ဘုရား… ထိုသူသည် ဂျေရုဆလင်မြို့တွင် ယုံကြည်သောသူတို့အား မည်မျှဆိုးရွားစွာပြုခဲ့ကြောင်းကို လူအများထံမှ အကျွန်ုပ်ကြားသိရပါပြီ။
ထိုမြို့တွင် ရှစ်နှစ်ပတ်လုံး လေဖြတ်၍ အိပ်ရာထဲ၌လှဲနေရသည့် အဲနေအမည်ရှိသောသူကို တွေ့ရ၏။
ပေတရုသည် မိမိလက်ကိုကမ်း၍ သူ့ကိုဆွဲထူပြီးလျှင် ယုံကြည်သူများနှင့် မုဆိုးမများကိုခေါ်ကာ အသက်ရှင်လျက်ရှိသောတဗိသကို သူတို့အား အပ်လေ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။