ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။
တမန်တော်ဝတ္ထု 8:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုက “ဘုရားသခင်ပေးသောလက်ဆောင်ကို ငွေနှင့် ဝယ်ယူနိုင်သည်ဟု သင်ယူဆသောကြောင့် သင့်ငွေသည် သင်နှင့်အတူ ပျက်စီးပါစေ။ Common Language Bible ပေတရုက``သင်သည်ဘုရားသခင်၏ဆု ကျေးဇူးတော်ကိုငွေနှင့်ဝယ်ယူမည်အကြံ ရှိသဖြင့် သင်၏ငွေသည်သင်နှင့်အတူပျက် စီးပါစေသတည်း။- Garrad Bible တ မန် တော် တို့ အား ငွေ ပေး ကမ်း ရာ ပေ တ ရု က ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကို ငွေ ပေး ၍ ရ နိုင် သည် ထင် မှတ် သော ကြောင့် သင် နှင့် ငွေ ပါ ပျက် စီး ရာ ရောက် ပါ စေ။ Judson Bible ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။ |
ဖျားနာသူများကို ကျန်းမာစေကြလော့။ သေလွန်သောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကို စင်ကြယ်စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဆောင်ရဘဲ ရရှိထားသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။
ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
သူသည် မတရားမှုဖြင့် ရရှိသောငွေနှင့် မြေတစ်ကွက်ကို ဝယ်ယူ၏။ ထို့နောက် သူသည် ထိုမြေ၌ ဇောက်ထိုးကျလျက် သေဆုံးလေ၏။ သူ၏ ဝမ်းဗိုက်သည် ပေါက်၍ အူများထွက်ကျလာ၏။
ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်သည် လူမျိုးခြားများအပေါ်တွင်ပင် သွန်းလောင်းသည်ကို ပေတရုနှင့်ပါလာသော အရေပြားလှီးခြင်းမင်္ဂလာကို ခံယူကြသည့် ယုံကြည်သူတို့သည် အံ့ဩကြ၏။
သခင်ယေရှုခရစ်တော်အား ကျွန်ုပ်တို့ယုံကြည်သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးတော်မူသည့် လက်ဆောင်ကို ထိုသူတို့အားလည်းပေးသနားသောကြောင့် ကျွန်ုပ်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဟန့်တားနိုင်ပါမည်နည်း” ဟူ၍ ဖြစ်၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
“ကျွန်ုပ်၏လက်တင်ခြင်း ခံရသောသူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိရန်အတွက် ဤအခွင့်အာဏာကို ကျွန်ုပ်ကိုလည်း ပေးပါ” ဟု တောင်းဆိုလေ၏။
ထို့ကြောင့် သင်၏မကောင်းမှုအတွက် နောင်တရ၍ ဘုရားသခင်ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်၏ဆိုးညစ်သောကြံစည်မှုအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မည်။
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ခံရခြင်း၊ ထောင်ချောက်မိခြင်း၊ မိုက်မဲ၍ အန္တရာယ်ရှိသော တပ်မက်ခြင်းစသည်တို့ထဲသို့ ကျရောက်တတ်၏။ ထိုအရာများသည် လူတို့ကို အကြွင်းမဲ့ ပျက်စီးဆုံးရှုံးစေ၏။
သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။
ထိုမြို့ကို အမှီပြု၍ အဆိုပါပစ္စည်းများကို ရောင်းဝယ်ခြင်းဖြင့် ချမ်းသာလာကြသော ကုန်သည်များသည် ထိုမြို့ခံရသည့် ညှဉ်းဆဲမှုကို ကြောက်ရွံ့၍ အဝေးတွင် ရပ်လျက်