ယောဟန်၏ တပည့်တို့သည် ထိုအကြောင်းကို ကြားသောအခါ လာ၍ အလောင်းကို ယူကာ သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
တမန်တော်ဝတ္ထု 8:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားတရားကိုင်းရှိုင်းသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ အလွန်ငိုကြွေးတမ်းတကြ၏။ Common Language Bible ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။ Garrad Bible ဘု ရား တ ရား ကြည် ညို သူ တို့ လည်း သ တေ ဖန် ကို သင်္ဂြိုဟ် လျက် သည်း စွာ မြည် တမ်း ကြ၏။ Judson Bible တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။ |
ယောဟန်၏ တပည့်တို့သည် ထိုအကြောင်းကို ကြားသောအခါ လာ၍ အလောင်းကို ယူကာ သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ရှိမောင်ဟု ခေါ်သော လူတစ်ဦးရှိ၏။ သူသည် သူတော်ကောင်းတစ်ဦးဖြစ်ပြီး ဘုရားတရားကိုင်းရှိုင်းသူလည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်ကြွလာမည်ကို စောင့်မျှော်နေသူ ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သူ့အပေါ်၌ တည်နေ၏။
သူနှင့်တကွ မိသားစုဝင်များသည် ဘုရားသခင်အား ကြောက်ရွံ့၍ ဘုရားတရားကိုင်းရှိုင်းသူလည်းဖြစ်၏။ တစ်ပါးသူတို့အား အလှူအတန်းရက်ရောပြီး ဘုရားသခင်ထံ စဉ်ဆက်မပြတ်ဆုတောင်းသောသူလည်း ဖြစ်၏။
ထိုနေ့တွင် ကောင်းကင်အောက်ရှိ တိုင်းနိုင်ငံအသီးသီးမှ ဘုရားတရားကိုင်းရှိုင်းသော ဂျူးတို့သည် ဂျေရုဆလင်မြို့၌ ရှိနေကြ၏။
သတေဖန်ကို သတ်သည့်အမှုတွင် ရှောလုသည်လည်း အလိုတူအလိုပါဖြစ်ခဲ့၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိ အသင်းတော်အား ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာသဖြင့် တမန်တော်တို့မှလွဲ၍ ယုံကြည်သူများသည် ယုဒပြည်နှင့် ရှမာရိပြည်တစ်လျှောက်သို့ ကွဲလွင့်ပျံ့နှံ့သွားကြလေ၏။
သို့သော် ရှောလုသည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ကာ အမျိုးသား၊ အမျိုးသမီးများကို ဆွဲထုတ်၍ ထောင်ထဲသို့ပို့ခြင်းဖြင့် အသင်းတော်ကို ဖျက်ဆီးလေ၏။