ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို အကဲမစမ်းရ’ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 5:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေတရုက သူ့အား “သင်တို့နှစ်ဦးစလုံးသည် အဘယ်ကြောင့် ထာဝရဘုရား၏ဝိညာဉ်တော်ကို လှည့်စားရန် သဘောတူ၍ ပူးပေါင်းကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့သည် တံခါးနားတွင် ရောက်နေကြပြီဖြစ်၍ သူတို့သည် သင့်ကိုလည်း သယ်ဆောင်ကြလိမ့်မည်” ဟု ဆို၏။ Common Language Bible ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။- Garrad Bible ပေ တ ရု က သင် တို့ သည် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် ကို စုံ စမ်း ရန် အ ဘယ် ကြောင့် သ ဘော တူ ကြံ စည် ကြ သ နည်း။ ကြည့် လော့။ သင့် လင် ကို သင်္ဂြိုဟ် ခဲ့ သူ တို့၏ ခြေ များ သည် တံ ခါး ဝ သို့ ပြန် ရောက် ပြီ။ သင့် ကို လည်း ထမ်း သွား ကြ လိမ့် မည် ဟု ဆို လျှင် ဆို ချင်း၊ Judson Bible ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်း ဆောင်သွားလေဦးမည်ဟု ဆိုသောခဏချင်းတွင်၊- မြန်မာ့စံမီသမ္မာကျမ်း ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။ |
ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို အကဲမစမ်းရ’ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။
ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။
ထို့ကြောင့် ယခုသင်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးများနှင့် ကျွန်ုပ်တို့ပင် မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏လည်ပင်းပေါ်တွင်တင်ခြင်းအားဖြင့် အဘယ်ကြောင့် ဘုရားသခင်ကို စမ်းသပ်ကြသနည်း။
လူငယ်တချို့သည် လာ၍ သူ၏အလောင်းကို အဝတ်နှင့် ရစ်ပတ်ပြီးလျှင် သယ်ဆောင်သွား၍ သင်္ဂြိုဟ်ကြ၏။
ဟောပြောရန် စေလွှတ်ခြင်း မခံရလျှင် မည်သို့ ဟောပြောနိုင်မည်နည်း။ ကျမ်းစာ၌ “သတင်းကောင်းကို ယူဆောင်လာသောသူတို့၏ ခြေတို့သည် အလွန်တင့်တယ်ပေ၏” ဟု ရေးသားထား၏။
ပညတ်တရား၌ ပါသမျှသောပြဋ္ဌာန်းချက်များသည် ထိုပညတ်တရားကို ခံယူရရှိသောသူတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ပညတ်တရား၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏အပြစ်အတွက်ဆင်ခြေမပေးရန်နှင့် လောကီသားအားလုံးသည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်း ဖော်ပြရန်ဖြစ်၏။
ထိုသူတို့ထဲမှ အချို့သောသူတို့သည် ခရစ်တော်ကို အကဲစမ်းသကဲ့သို့ ကျွန်ုပ်တို့သည် အကဲမစမ်းဘဲနေကြကုန်စို့။ ထိုသူတို့သည် အကဲစမ်းသောကြောင့် မြွေကိုက်၍ သေကြ၏။