တမန်တော်ဝတ္ထု 5:9 - Garrad Bible9 ပေ တ ရု က သင် တို့ သည် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် ကို စုံ စမ်း ရန် အ ဘယ် ကြောင့် သ ဘော တူ ကြံ စည် ကြ သ နည်း။ ကြည့် လော့။ သင့် လင် ကို သင်္ဂြိုဟ် ခဲ့ သူ တို့၏ ခြေ များ သည် တံ ခါး ဝ သို့ ပြန် ရောက် ပြီ။ သင့် ကို လည်း ထမ်း သွား ကြ လိမ့် မည် ဟု ဆို လျှင် ဆို ချင်း၊ အခန်းကိုကြည့်ပါ။Common Language Bible9 ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။- အခန်းကိုကြည့်ပါ။Judson Bible9 ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်း ဆောင်သွားလေဦးမည်ဟု ဆိုသောခဏချင်းတွင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ထိုအခါ ပေတရုက သူ့အား “သင်တို့နှစ်ဦးစလုံးသည် အဘယ်ကြောင့် ထာဝရဘုရား၏ဝိညာဉ်တော်ကို လှည့်စားရန် သဘောတူ၍ ပူးပေါင်းကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့သည် တံခါးနားတွင် ရောက်နေကြပြီဖြစ်၍ သူတို့သည် သင့်ကိုလည်း သယ်ဆောင်ကြလိမ့်မည်” ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
လွှတ် လိုက် သော ရှေ့ တော် ပြေး မ ရောက် မီ၊ ကိုယ့် အိမ် တွင် လူ ကြီး တို့ နှင့် အ တူ ထိုင် နေ သော ဧ လိ ရှဲ က၊ ထို လူ သတ် သည် ငါ့ ခေါင်း ကို ဖြတ် စေ ရန် လွှတ် လိုက် ကြောင်း သိ မြင် ကြ၏ လော။ ရှေ့ တော် ပြေး ရောက် သော အ ခါ တံ ခါး ပိတ်၍ ဆီး တား ကြ လော့။ ရှေ့ တော် ပြေး နောက် သူ့ သ ခင့် ခြေ သံ ကို မ ကြား ရ သ လော ဟူ၍ ပြော စဉ် တွင် ပင်
ငါ တို့ သိ ကြ သည့် အ တိုင်း ပ ည တ္တိ ကျမ်း ဆို ရှိ သ မျှ သည် ပ ညတ် တ ရား တော့် အောက် နေ သော သူ တို့ နှင့် စပ် ဆိုင်၏။ သို့ မှ ပ ညတ် တ ရား ကြောင့် အ ပြစ် ကို သိ မြင် သော် လည်း ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် လူ သ တ္တ ဝါ တစ် ဦး မျှ ဘု ရား သ ခင့် ရှေ့ ဖြောင့် မတ် ရာ မ ရောက် နိုင် သည် ဖြစ်၍ တစ် လော က လုံး သည် ဆင် ချေ တက် ရန် မဲ့ လျက် ရှေ့ တော် တွင် စီ ရင် ခံ ထိုက် သ တည်း။