ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
တမန်တော်ဝတ္ထု 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့နှင့်အတူ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန်းဒါးနှင့် ယဇ်ပုရောဟိတ်မင်း၏မိသားစုဝင်အပေါင်းတို့သည်လည်း ရှိကြ၏။ Common Language Bible ယဇ်ပုရောဟိတ်မင်းအန္နတ်နှင့်တကွသူ၏ အိမ်ထောင်စုသားများဖြစ်သည့်ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြေုအစရှိသောသူ အပေါင်းတို့နှင့်တွေ့ဆုံတိုင်ပင်ကြ၏။- Judson Bible ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုး ရှိမျှတို့သည် ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့လည်းပါဝင်ကြ၏။ |
ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
အန္နနှင့် ကယာဖတို့သည်လည်း ယဇ်ပုရောဟိတ်မင်းဖြစ်နေသောအချိန်တွင် ဘုရားသခင်၏စကားတော်သည် တောကန္တာရတွင် နေထိုင်သောဇာခရိ၏သား ယောဟန်ထံသို့ ရောက်လာ၏။
သူတို့ထဲမှ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖဆိုသူက “သင်တို့သည် မည်သည့်အရာကိုမျှ မသိကြ။
ထို့နောက် အန္နတ်မင်းသည် ယေရှုကို ချည်နှောင်လျက် ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့လိုက်၏။
တမန်တော်တို့ကို သူတို့အလယ်၌ ရပ်စေပြီးသောအခါ “သင်တို့သည် မည်သည့်တန်ခိုး၊ မည်သည့် အမည်နာမအားဖြင့် ဤအမှုကို ပြုသနည်း” ဟု မေးမြန်းကြ၏။
မိုးလင်းသောအခါ ကောင်းကင်တမန်မှာထားသည့်အတိုင်း သူတို့သည် ဗိမာန်တော်သို့ ဝင်၍ ဆုံးမသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်ရန် တရားလွှတ်တော်အဖွဲ့ဝင်များနှင့် အစ္စရေးလူမျိုးအကြီးအကဲတို့ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ထုတ်လာရန် အစောင့်တပ်သားတို့ကို ထောင်ထဲသို့ စေလွှတ်ကြ၏။