ထိုလှေငယ်ကို သင်္ဘောပေါ်သို့တင်ပြီးသောအခါ သင်္ဘောကိုယ်ထည်ခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်ချည်ထားကြ၏။ ဆိတင်သဲသောင်တွင် သောင်တင်မည်ကိုလည်းစိုးရိမ်သောကြောင့် သင်္ဘောရွက်ထည်ကို သိမ်းသဖြင့် လေတိုက်ရာသို့ လွင့်ပါကြရ၏။
တမန်တော်ဝတ္ထု 27:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့သည် ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်ရလိမ့်မည်” ဟု ပြောလေ၏။ Common Language Bible သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။ Garrad Bible သို့ ရာ တွင် ကျွန်း တစ် ကျွန်း ပေါ် မှာ တင် ရ မည် ဟု ဆို လေ၏။ Judson Bible သို့သော်လည်း တစ်စုံတစ်ခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟု ပေါလုဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် ကျွန်းတစ်ခုတွင် သောင်တင်ရလိမ့်မည်”ဟု ဆိုလေ၏။ |
ထိုလှေငယ်ကို သင်္ဘောပေါ်သို့တင်ပြီးသောအခါ သင်္ဘောကိုယ်ထည်ခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်ချည်ထားကြ၏။ ဆိတင်သဲသောင်တွင် သောင်တင်မည်ကိုလည်းစိုးရိမ်သောကြောင့် သင်္ဘောရွက်ထည်ကို သိမ်းသဖြင့် လေတိုက်ရာသို့ လွင့်ပါကြရ၏။
ဆယ့်လေးရက်မြောက်ညအချိန်ရောက်သောအခါ ကျွန်ုပ်တို့သည် အာဒြိပင်လယ်အတွင်း လူးလွန့်မျောပါလျက်ရှိစဉ် သန်းခေါင်ယံအချိန်တွင် ကမ်းခြေအနီးသို့ရောက်တော့မည်ဟု သင်္ဘောသားများက မှန်းဆကြ၏။
ကျောက်ဆောင်များနှင့် တိုက်မိမည်ကို စိုးရိမ်ရသောကြောင့် သင်္ဘောသားတို့သည် သင်္ဘောပဲ့ရှိကျောက်ဆူးလေးခုကို ချပြီးလျှင် မိုးလင်းရန်သာ ဆုတောင်းကြ၏။
ကျွန်ုပ်တို့သည် ကျွန်းပေါ်သို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိသောအခါ ထိုကျွန်းကိုမေလိတေကျွန်းဟု ခေါ်ကြောင်းသိရှိရ၏။