ထိုမှတစ်ဖန် ကျွန်ုပ်တို့သည် ဖိုနီးရှားပြည်သို့ သွားမည့်သင်္ဘောကိုတွေ့သဖြင့် ပြောင်း၍ စီးကာ ရွက်လွှင့်ကြ၏။
ဖိနိတ်ပြည်သို့သွားမည့်သင်္ဘောတစ်စင်းကို တွေ့သဖြင့် ထိုသင်္ဘောပေါ်သို့တက်၍ခရီး ပြုကြပြီးနောက်၊-
ဖိ နိတ် ပြည် သို့ ကူး မည့် သင်္ဘော တစ် စင်း ကို ကြုံ သ ဖြင့် တက် စီး လေ၏။
ဖိနိတ်ပြည်သို့ကူးသော သင်္ဘောကိုတွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။-
ထို့နောက် ဖိုနီးရှားနယ်သို့ကူးသွားမည့်သင်္ဘောတစ်စင်းကိုတွေ့သဖြင့် ထိုသင်္ဘောစီး၍ ရွက်လွှင့်ကြ၏။
သတေဖန်သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကွဲလွင့်ပျံ့နှံ့သွားကြသောသူများသည် ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်းနှင့် ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့ထိတိုင် ရောက်သွားကြပြီး ဂျူးလူမျိုးတို့ကိုသာ ဘုရားသခင်၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။
ထို့နောက် အသင်းသားများသည် ထိုသူတို့ကို မြို့ပြင်ထိ လိုက်ပို့ကြ၏။ ပေါလုနှင့် ဗာနဗတို့သည် ဖိုနီးရှားပြည်နှင့် ရှမာရိပြည်ကို ဖြတ်သွားစဉ် လူမျိုးခြားများ၏ပြောင်းလဲခြင်းအကြောင်းကို ပြန်ပြောပြကြသဖြင့် ယုံကြည်သူများသည်လည်း အလွန်ဝမ်းမြောက်ကြ၏။
ဆိုက်ပရပ်ကျွန်းကို မြင်ရသောအခါ တောင်ဘက်မှ ဖြတ်ကျော်၍ ဆီးရီးယားပြည်သို့ သင်္ဘောဖြင့်ရွက်လွှင့်ပြန်၏။ သင်္ဘောပေါ်မှ ကုန်ပစ္စည်းကိုချရန် တိုင်ရာမြို့၌ ကမ်းကပ်ကြ၏။
ထိုမြို့တွင် အီတလီသို့ရွက်လွှင့်မည့် အလက်ဇန်းဒါးသင်္ဘောတစ်စင်းကို တပ်မှူးသည်တွေ့ရှိသဖြင့် ကျွန်ုပ်တို့ကို ထိုသင်္ဘောပေါ်သို့ တက်စေ၏။