နောက်တစ်နေ့တွင် ဆီဇာရီးယားမြို့သို့ ရောက်ရှိလာကြ၏။ ကော်နေလိသည် မိမိဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများအား စုဝေးစေပြီး ပေတရုတို့ကို စောင့်မျှော်လျက်နေလေ၏။
တမန်တော်ဝတ္ထု 21:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆီဇာရီးယားမြို့မှ တပည့်တော်တချို့သည်လည်း ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာကြပြီး သူတို့က တပည့်တော်ဟောင်းတစ်ဦးဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်၏အိမ်သို့ တည်းခိုရန် ခေါ်သွားကြ၏။ Common Language Bible ကဲသရိမြို့မှတပည့်တော်အချို့တို့သည် ကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ အားကုပရုကျွန်းသားတပည့်တော်ဟောင်း တစ်ဦးဖြစ်သူမနာသုန်၏အိမ်သို့တည်းခို ရန်ခေါ်သွားကြ၏။ Garrad Bible ငါ တို့ ကို ဧည့် ခံ မည့် သူ ကု ပ ရု ကျွန်း သား တ ပည့် တော် ဟောင်း မ နာ သုန် ဆို သူ့ အိမ် ရောက် ကဲ သ ရိ မြို့ က တ ပည့် တော် အ ချို့ လိုက် ပို့ ကြ ၏။ Judson Bible ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူလိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်းသား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆီဇာရီးယားမြို့မှ တပည့်တော်အချို့တို့သည်လည်း ငါတို့နှင့်အတူလိုက်ပါ၍ ငါတို့တည်းခိုရန်စီစဉ်ထားသည့် ကနဦးတပည့်တော်ဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်ထံသို့ ခေါ်သွားကြ၏။ |
နောက်တစ်နေ့တွင် ဆီဇာရီးယားမြို့သို့ ရောက်ရှိလာကြ၏။ ကော်နေလိသည် မိမိဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများအား စုဝေးစေပြီး ပေတရုတို့ကို စောင့်မျှော်လျက်နေလေ၏။
ထိုသူတို့အား ယေရှုခရစ်တော်၏အမည်နာမ၌ နှစ်ခြင်းမင်္ဂလာခံယူရန် ညွှန်ကြားလေ၏။ ထို့နောက် သူတို့ကလည်း ပေတရုအား ရက်အနည်းငယ်ဆက်၍နေရန် မေတ္တာရပ်ခံကြ၏။
သတေဖန်သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကွဲလွင့်ပျံ့နှံ့သွားကြသောသူများသည် ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်းနှင့် ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့ထိတိုင် ရောက်သွားကြပြီး ဂျူးလူမျိုးတို့ကိုသာ ဘုရားသခင်၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။
ဤသို့ သဘောထားကွဲလွဲမှု ပြင်းထန်လာသဖြင့် သူတို့လမ်းခွဲကြကာ ဗာနဗသည် မာကုကို ခေါ်၍ ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်လေ၏။
များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည်ထ၍ “ညီအစ်ကိုတို့… ကျွန်ုပ်ဟောပြောသော သတင်းကောင်းကို လူမျိုးခြားတို့ကြား၍ ယုံကြည်နိုင်ရန် ဘုရားသခင်သည် အစောပိုင်းကာလတွင် သင်တို့အထဲမှ ကျွန်ုပ်ကို ရွေးချယ်တော်မူကြောင်း သင်တို့သိကြ၏။
နောက်တစ်နေ့တွင် ကျွန်ုပ်တို့သည် ထိုမြို့မှ ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ ရောက်ကြ၏။ ကျွေးမွေးခြင်းအမှုကို ဆောင်ရွက်ရန် ရွေးချယ်ခြင်းခံရသောလူခုနှစ်ဦးအနက် တစ်ဦးဖြစ်သော၊ သတင်းကောင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ ဝင်၍ တည်းခိုကြ၏။
ထိုသူတို့တွင် ယောသပ်အမည်ရှိသူတစ်ယောက် ရှိ၏။ တမန်တော်များက သူ့အား ဗာနဗဟု ခေါ်ကြ၏။ ထိုအမည်မှာ “နှစ်သိမ့်ခြင်း၏သား” ဟူ၍ အဓိပ္ပာယ်ရ၏။ ထိုသူသည် လေဝိမျိုးနွယ်တစ်ဦးဖြစ်၍ ဆိုက်ပရပ်ကျွန်းသားလည်းဖြစ်၏။
ဖိလိပ္ပုမှာမူ အာဇုတ်မြို့၌ ရောက်ရှိနေပြီး ထိုမြို့မှ ဆီဇာရီးယားမြို့တိုင်အောင် မြို့အသီးသီးသို့ ဝင်ထွက်၍ သတင်းကောင်းကို ဟောပြောလေ၏။
ကျွန်ုပ်နှင့်အတူ အကျဉ်းချခံခဲ့ဖူးသည့် ကျွန်ုပ်၏အမျိုးသားချင်းဖြစ်သော အန္ဒြောနိတ်နှင့် ယုနိကို နှုတ်ဆက်ပေးကြလော့။ ထိုသူတို့သည် တမန်တော်ထဲ၌ အလွန်ထင်ပေါ်သောသူများဖြစ်ကြ၏။ ကျွန်ုပ်ထက်စော၍ ခရစ်တော်ကို ယုံကြည်လက်ခံလာသူများလည်း ဖြစ်ကြ၏။
မေတ္တာဖြင့်သာ တောင်းပန်လို၏။ ယေရှုခရစ်တော်ကြောင့် အကျဉ်းချခံထားရသည့် အသက်ကြီးသူ ကျွန်ုပ်ပေါလုသည်