ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
တမန်တော်ဝတ္ထု 21:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအိမ်တွင် ရက်အနည်းငယ် တည်းခိုနေထိုင်ကြစဉ် အာဂဗုအမည်ရှိသော ပရောဖက်တစ်ဦးသည် ယုဒပြည်မှဆင်းလာပြီးလျှင် Common Language Bible ထိုအိမ်တွင်ကျွန်ုပ်တို့တည်းခို၍ရက်အတော် အတန်ကြာသောအခါ အာဂဗုနာမည်ရှိ သောပရောဖက်သည်ယုဒပြည်မှရောက်ရှိ လာ၏။- Garrad Bible ထို အိမ် တွင် ကာ လ အ တန် ကြာ ငါ တို့ နေ ကြ စဉ် အာ ဂ ဗု ဆို သူ ပ ရော ဖက် တစ် ပါး သည် ယု ဒ နယ် မှ ရောက် လာ၍ ငါ တို့ ထံ ဝင် ရာ၊ Judson Bible ထိုအိမ်၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည်ရှိသော ပရောဖက်တစ်ယောက်သည် ယုဒပြည်မှလာ၍၊- မြန်မာ့စံမီသမ္မာကျမ်း ရက်အတန်ကြာနေပြီးသောအခါ အာဂဗုအမည်ရှိသော ပရောဖက်တစ်ဦးသည် ယုဒပြည်မှဆင်းလာ၏။ |
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။
ပေါလုသည် အာရှပြည်တွင် အချိန်မကုန်ဆုံးစေလိုသဖြင့် ဧဖက်မြို့ကိုဖြတ်၍ ရွက်လွှင့်ရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်၏။ ဖြစ်နိုင်မည်ဆိုပါက ပင်တေကုတ္တေပွဲနေ့အမှီ ဂျေရုဆလင်မြို့သို့ရောက်ရှိရန် သူသည် စိတ်ပြင်းပြလျက်နေ၏။
ထိုနေရာတွင် ကျွန်ုပ်တို့သည် တပည့်တော်တချို့ကို ရှာတွေ့သဖြင့် သူတို့နှင့်အတူ ခုနစ်ရက်နေကြ၏။ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန်ပြောကြ၏။
တိုင်ရာမြို့မှ ပတောလင်မြို့သို့ရောက်ကြလျှင် ပင်လယ်ခရီးစဉ်ပြီးဆုံးလေ၏။ ထိုမြို့တွင်ရှိသော ယုံကြည်သူများကို နှုတ်ခွန်းဆက်ကြ၍ သူတို့ထံ၌ တစ်ရက်တည်းခိုကြ၏။