ယောဟန်သည် ထိုအရှင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်ခဲ့သည်မှာ “ ‘ငါ့နောက်တွင် ကြွလာမည့်အရှင်သည် ငါမမွေးမီကပင် ရှိနှင့်သောကြောင့် ငါ့ထက် ပို၍ကြီးမြတ်သည်’ ဟု ငါပြောခဲ့ဖူးသည့်အရှင်သည် ထိုအရှင်ပင် ဖြစ်သည်” ဟူ၍ဖြစ်၏။
တမန်တော်ဝတ္ထု 19:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုက “ယောဟန်သည် နောင်တနှင့် သက်ဆိုင်သော နှစ်ခြင်းမင်္ဂလာကို ပေးလျက် သူ့နောက် ကြွလာမည့်သူကို ယုံကြည်ရမည်ဟု လူတို့အား သွန်သင်လေ၏။ ထိုသို့ဆိုရာ၌ ယေရှုကို ဆိုလိုသည်” ဟု ပြောလေ၏။ Common Language Bible ပေါလုက ``ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် နောင်တရသူတို့အဖို့ဖြစ်၏။ ယောဟန်သည် မိမိ၏နောက်တွင်ကြွလာတော်မူမည့်အရှင် ကိုယုံကြည်ရမည်ဟု ဣသရေလအမျိုးသား တို့အားဟောပြောခဲ့၏။ ထိုအရှင်ကားသခင် ယေရှုပေတည်း'' ဟုဆို၏။ Garrad Bible ယော ဟန် သည် နောင် တ ရ ခြင်း ဆိုင် ရာ ဗ တ္တိ ဇံ မင်္ဂ လာ ကို ပေး လျက် သူ့ နောက် ကြွ လာ မည့် အ ရှင် တည်း ဟူ သော ယေ ရှု ကို ယုံ ကြည် ရ မည် ဟူ၍ ပြည် သူ ပြည် သား တို့ အား ဟော ပြော ခဲ့ သည် ဟု ပေါ လု ဆို လေ၏။ Judson Bible ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွလာသောသူကို ယုံကြည်ရမည်ဟု လူများတို့အား ပြောဆိုလျက်၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေါလုက “ယောဟန်သည် ‘မိမိနောက်တွင်ကြွလာမည့်အရှင်ကိုယုံကြည်ရမည်’ဟု ဆိုလျက် လူတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ယေရှုကိုဆိုလို၏”ဟု ဆိုလေ၏။ |
ယောဟန်သည် ထိုအရှင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်ခဲ့သည်မှာ “ ‘ငါ့နောက်တွင် ကြွလာမည့်အရှင်သည် ငါမမွေးမီကပင် ရှိနှင့်သောကြောင့် ငါ့ထက် ပို၍ကြီးမြတ်သည်’ ဟု ငါပြောခဲ့ဖူးသည့်အရှင်သည် ထိုအရှင်ပင် ဖြစ်သည်” ဟူ၍ဖြစ်၏။
ယောဟန်က “ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ဤလူအုပ်ထဲ၌ သင်တို့မသိသော အရှင်တစ်ပါးရှိ၏။
ထိုအရှင်သည် ငါ့နောက်တွင် ကြွလာမည့်အရှင်ဖြစ်သော်လည်း ထိုအရှင်၏ ဖိနပ်ကြိုးကို ဖြေရန်ပင် ငါသည် မထိုက်တန်ပါ” ဟု ဆို၏။
သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ယောဟန်သည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ မကြာမီ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာကို ခံယူကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ကျွန်ုပ်က သခင်ဘုရား မိန့်တော်မူခဲ့သော ‘ယောဟန်သည် ရေ၌နှစ်ခြင်းမင်္ဂလာပေးသော်လည်း သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာကို ခံယူကြရလိမ့်မည်’ဟူသည့် စကားတော်ကို ပြန်၍သတိရ၏။