တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
တမန်တော်ဝတ္ထု 19:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ လူအစုအဝေးတို့သည် ရှုပ်ထွေးကြကုန်၍ တစ်ယောက်တစ်မျိုး ဟစ်အော်လျက်နေကြ၏။ လူအများစုသည် မည်သည့်အကြောင်းကြောင့် မိမိတို့အတူတကွစုဝေးနေသည်ကိုပင် မသိကြ။ Common Language Bible ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။- Garrad Bible ထို အ စည်း အ ဝေး တွင် အ များ တို့ သည် မည် သည့် အ ကြောင်း နှင့် စု ရုံး ကြ သည် ကို မ သိ ဘဲ အုတ် အုတ် သဲ သဲ ဖြစ် လျက် အ ချို့ က တစ် မျိုး၊ အ ချို့ က တစ် နည်း အော် ဟစ် ကြ စဉ်၊ Judson Bible စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တစ်ယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင် မိမိတို့မသိကြ။ မြန်မာ့စံမီသမ္မာကျမ်း လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။ |
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ပေါလု၏မိတ်ဆွေများ ဖြစ်ကြသော အာရှပြည်၏အရာရှိတချို့ကလည်း ထိုဇာတ်ရုံထဲသို့ စွန့်စား၍ မဝင်ရန် တောင်းပန်ကြ၏။
ယနေ့ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်ပြုခြင်းအမှုကြောင့် ကျွန်ုပ်တို့သည် စွပ်စွဲခံရမည်ကို စိုးရိမ်စရာရှိ၏။ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမျှ မရှိသောကြောင့် ဤသို့ဆူပူအုံကြွခြင်းအမှုအတွက်လည်း ဖြေရှင်းချက် ပေးနိုင်မည်မဟုတ်ပါ” ဟု ပြောဆိုလေ၏။
သို့ရာတွင် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည်အဖြစ်မှန်ကို မသိနိုင်ပေ။ ထို့ကြောင့် ပေါလုကို တပ်စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။