ယခုတွင် ငါသည် နတ်ဆိုးတို့ကို ဗေလဇေဗုလတန်ခိုးဖြင့် နှင်ထုတ်လျှင် သင်တို့၏ ပယောဂဆရာတို့သည် မည်သူ့တန်ခိုးဖြင့် နှင်ထုတ်ကြသနည်း။ ထိုပယောဂဆရာတို့ကပင် သင်တို့မှားကြောင်း ထောက်ပြကြလိမ့်မည်။
တမန်တော်ဝတ္ထု 19:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နေရာဒေသအသီးသီးသို့ လှည့်လည်နေကြသော ဂျူးပယောဂဆရာတချို့သည် သခင်ယေရှု၏အမည်နာမကို စွဲကိုင်လျက် နတ်ဆိုးများကို နှင်ထုတ်ရန် ကြိုးပမ်းကြ၏။ ထိုသို့ ကြိုးပမ်းရာတွင် သူတို့က “ပေါလုဟောပြောနေသော ယေရှု၏အမည်နာမ၌ သင့်ကို ထွက်လာရန် အမိန့်ပေး၏” ဟု ပြောကြ၏။ Common Language Bible ယုဒအမျိုးသားနယ်လှည့်ပယောဂဆရာ အချို့တို့သည် သခင်ယေရှု၏နာမတော်အား ဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်ရန်ကြိုးစားကြ ၏။ သူတို့က ``ပေါလုဟောပြောသောယေရှု၏ နာမကိုတိုင်တည်၍သင့်ကိုငါနှင်ထုတ်၏'' ဟုလူကိုပူးဝင်နေသောနတ်မိစ္ဆာအားဆို ကြ၏။- Garrad Bible ထို အ ခါ လှည့် လည်၍ နတ် ဆိုး အ ပေါ် တွင် မန်း မှုတ် သူ ယု ဒ လူ မျိုး အ ချို့ က ပေါ လု ဟော ပြော သော ယေ ရှု ကို တိုင် တည်၍ ငါ အ မိန့် ရှိ သည် ဟု နတ် ပူး သူ တို့ အား ဆို လျက် အ ရှင် ယေ ရှု၏ နာ မ တော် ကို သုံး ဝံ့ ကြ သည် နှင့်၊ Judson Bible ထိုအခါ အရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြောသော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏ဟု ဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။ |
ယခုတွင် ငါသည် နတ်ဆိုးတို့ကို ဗေလဇေဗုလတန်ခိုးဖြင့် နှင်ထုတ်လျှင် သင်တို့၏ ပယောဂဆရာတို့သည် မည်သူ့တန်ခိုးဖြင့် နှင်ထုတ်ကြသနည်း။ ထိုပယောဂဆရာတို့ကပင် သင်တို့မှားကြောင်း ထောက်ပြကြလိမ့်မည်။
သို့ရာတွင် ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော။ ငါတို့အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်၏အမည်နာမတော်ကို တိုင်တည်၍ ငါမေး၏” ဟု ဆိုလေ၏။
“အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် ဘုရားသခင်ကို အမှီပြု၍ တောင်းပန်ပါ၏” ဟု အော်ဟစ်၍ လျှောက်လေ၏။
ယောဟန်က “ဆရာတော်… လူတစ်ဦးသည် သခင်၏အမည်နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်ကို အကျွန်ုပ်တို့မြင်တွေ့ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏ အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုတားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
ယခုတွင် ငါသည် နတ်ဆိုးတို့ကို ဗေလဇေဗုလတန်ခိုးဖြင့် နှင်ထုတ်လျှင် သင်တို့၏ပယောဂဆရာတို့သည် မည်သူ့တန်ခိုးဖြင့် နှင်ထုတ်ကြသနည်း။ ထိုပယောဂဆရာတို့ကပင် သင်တို့မှားကြောင်း ထောက်ပြကြလိမ့်မည်။
ယောဟန်ကလည်း “သခင်… လူတစ်ဦးသည် သခင်၏အမည်နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်ကို အကျွန်ုပ်တို့မြင်တွေ့ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုတားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။