ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
တမန်တော်ဝတ္ထု 18:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်နှင့်အတူ ရှိ၏။ မည်သူမျှ သင့်ကို ထိခိုက်နာကျင်အောင် မတိုက်ခိုက်နိုင်ပါ။ ဤမြို့တွင် ငါ၏လူများစွာရှိသည်” ဟု မိန့်တော်မူ၏။ Common Language Bible အဘယ်သူမျှသင့်ကိုဘေးအန္တရာယ်မပြုနိုင်။ ဤမြို့ရှိလူအမြောက်အမြားတို့သည် ငါ့ လူစုတော်ဝင်များဖြစ်ကြ၏'' ဟုမိန့်တော် မူ၏။- Garrad Bible ငါ သည် သင် နှင့် အ တူ ရှိ သ ဖြင့် သင့် ကို မည် သူ မျှ အ န္တ ရာယ် ရှာ၍ လက် ရောက် မ ပြု ရ၊ ဤ မြို့ တွင် ငါ ပိုင် အ မြောက် အ မြား ရှိ သည် ဟု ဗျာ ဒိတ် ပေး တော် မူ သည့် အ လျောက်၊ Judson Bible ငါသည် သင်နှင့်အတူရှိ၏။ သင့်ကိုညှဉ်းဆဲခြင်းငှာ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ မည်သူမျှ သင့်ကို မတရားနှိပ်စက်၍ ထိခိုက်စေမည်မဟုတ်။ ဤမြို့တွင် ငါနှင့်ဆိုင်သောလူ များစွာရှိ၏”ဟု မိန့်တော်မူ၏။ |
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
သင်တို့အား ငါပေးသမျှသော ပညတ်တော်အားလုံးကို သူတို့အား သွန်သင်လော့။ ငါသည်လည်း ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အမြဲရှိနေမည်” ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပြီးပါပြီ။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ထိုဂျူးတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့နေထိုင်ကြသော ဘုရားသခင်၏သားသမီးများ အားလုံးကိုလည်း ပေါင်းစည်းစေရန်အတွက်ပါ အသေခံတော်မူမည့်အကြောင်းကို ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။
ဘုရားသခင်သည် မိမိအမည်နာမတော်အတွက် လူမျိုးခြားများထဲမှ လူများကို ရွေးချယ်ရန် ထိုသူတို့ထံ ဦးစွာ အကြည့်အရှုကြွတော်မူကြောင်း ပေတရုဟောပြောခဲ့၏။
ဤအကြောင်းအရာများကို ယခင်အချိန်မှစ၍ သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ ဟူ၍ ရေးသားထား၏။
သို့ဖြစ်၍ ပေါလုသည် ထိုမြို့၌ တစ်နှစ်ခွဲပတ်လုံးနေ၍ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သွန်သင်လေ၏။
တစ်ညတွင် သခင်ဘုရားသည် ရူပါရုံထဲ၌ ပေါလုအား ဖော်ပြသည်မှာ “မကြောက်နှင့်။ တိတ်ဆိတ်စွာမနေဘဲ ဆက်၍ဟောပြောလော့။
သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်အကြောင်းအရာများကို ထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ကျွန်ုပ်တို့ကို ဆန့်ကျင်နိုင်မည်နည်း။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။