အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 15:41 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပေါလု​သည် ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​တို့​ကို ဖြတ်သွား​၍ အသင်းတော်များ​ကို ကြံ့ခိုင်စေ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ရှု ရိ နှင့် ကိ လိ ကိ ပြည် တစ် လျှောက် လျှောက် လျက်၊ အ သင်း တော် တို့ ကို တည် ကြည် စေ ပြီး နောက်၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​သင်း​တော်​များ​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​လျက်၊ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​တို့​ကို လျှောက်​သွား​လေ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် ဆီးရီးယား​ပြည်​နှင့်​ဆီလီဆီးယား​ပြည်​တို့​ကို လှည့်လည်​၍ အသင်းတော်​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 15:41
8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​သတင်း​သည် ဆီးရီးယားပြည်​တစ်လျှောက်လုံး​သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့​သည် ဖျားနာသူများ၊ ရောဂါ​ဝေဒနာ​အမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများ​နှင့် လေဖြတ်နေသူများ​ကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်​သည် ထို​သူတို့​အားလုံး​၏ ရောဂါများ​ကို ပျောက်ကင်းစေတော်မူ၏။


ထို​သူတို့​နှင့်အတူ ပေးလိုက်သော​စာ​တွင် သင်တို့​၏​ညီအစ်ကိုများ​ဖြစ်သည့် တမန်တော်များ​နှင့် အသင်းတော်​အကြီးအကဲများ​သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​ရှိ လူမျိုးခြား​ယုံကြည်သူများ​အား နှုတ်ခွန်းဆက်သလိုက်ပါ၏။


ပရောဖက်များ​လည်း​ဖြစ်ကြသော ယုဒ​နှင့်​သိလ​တို့​သည် ယုံကြည်သူတို့​အား အချိန်​ကြာမြင့်​စွာ တိုက်တွန်းနှိုးဆော်​၍ ကြံ့ခိုင်စေကြ၏။


ပေါလု​သည် ကောရိန္သုမြို့​၌ ရက်ပေါင်း​များစွာ နေ​ပြီးနောက် ယုံကြည်သူတို့​အား နှုတ်ဆက်​ကာ ကင်ခြေမြို့​သို့ သွားလေ၏။ ပေါလု​သည် ယခင်က သစ္စာပြုထားခဲ့​သည် ဖြစ်​၍ ရွက်​မလွှင့်မီ ကင်ခြေမြို့​တွင် ဆံပင်ရိတ်လေ၏။ ထို့နောက် ပြစ်ကိလ၊ အာကုလ​တို့​နှင့်အတူ ဆီးရီးယားပြည်​သို့ ရွက်လွှင့်ကြ၏။


ဆိုက်ပရပ်ကျွန်း​ကို မြင်ရ​သောအခါ တောင်​ဘက်​မှ ဖြတ်ကျော်​၍ ဆီးရီးယားပြည်​သို့ သင်္ဘော​ဖြင့်​ရွက်လွှင့်ပြန်၏။ သင်္ဘော​ပေါ်မှ ကုန်ပစ္စည်း​ကို​ချ​ရန် တိုင်ရာမြို့​၌ ကမ်းကပ်ကြ၏။


ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်​မှ လူ​တချို့​သည် သတေဖန်​နှင့်​ငြင်းခုံပြောဆိုကြ၏။ ထို​သူတို့​မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများ​မှစ၍ ဆီလီဆီးယားပြည်​နှင့် အာရှပြည်​တို့​မှ လာသော​သူများ​ဖြစ်ကြ၏။


ထို့နောက်​တွင်မူ ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​သို့ ကျွန်ုပ်​သွားခဲ့၏။