ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို ပေးကြ၏။ ငါသည် ဖျားနာသောအခါ ငါ့ကို ပြုစုစောင့်ရှောက်ကြ၏။ ငါသည် ထောင်ကျသောအခါ ငါ့ထံသို့ လာရောက်ကြည့်ရှုကြ၏’ ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 15:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရက်ပေါင်းအတန်ကြာသောအခါ ပေါလုက ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ကျွန်ုပ်တို့ဟောပြောခဲ့ဖူးသည့် မြို့များရှိ ယုံကြည်သူတို့ထံပြန်၍ သွားရောက်ကြည့်ရှုကာ မည်သို့ရှိနေကြသည်ကို လေ့လာကြစို့” ဟု ပြော၏။ Common Language Bible ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။- Garrad Bible နေ့ ရက် အ တန် ကြာ ပြီး နောက် ဗာ န ဗ အား ပေါ လု က အ ရှင် ဘု ရား၏ တ ရား တော် ကို ငါ တို့ ကြော် ငြာ ခဲ့ သော မြို့ ရွာ တိုင်း ရှိ ညီ အစ် ကို တို့ အ ဖြစ် အ နေ ကို အ ကြည့် အ ရှု ပြန် သွား ကြ ကုန် အံ့ ဟု ဆို သော်၊ Judson Bible အင်တန်ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို ဟောပြောဖူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့သည် အဘယ်သို့ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့ဟု ဗာနဗအားဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။ |
ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို ပေးကြ၏။ ငါသည် ဖျားနာသောအခါ ငါ့ကို ပြုစုစောင့်ရှောက်ကြ၏။ ငါသည် ထောင်ကျသောအခါ ငါ့ထံသို့ လာရောက်ကြည့်ရှုကြ၏’ ဟု မိန့်တော်မူ၏။
ငါသည် ဧည့်သည် ဖြစ်သောအခါ ငါ့ကို သင်တို့အိမ်သို့ ကြိုဆိုလက်မခံကြ။ ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို မပေးကြ။ ငါသည် ဖျားနာသောအခါ၌လည်းကောင်း၊ ထောင်ကျသောအခါ၌လည်းကောင်း သင်တို့သည် ငါ့ကို မကြည့်ရှုကြ’ ဟု မိန့်တော်မူလိမ့်မည်။
မြို့ဝန်မင်းသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ သခင်ဘုရား၏တရားတော်ကို အံ့ဩမိန်းမော၍ ယုံကြည်သက်ဝင်လေ၏။
သန့်ရှင်းသောဝိညာဉ်တော်၏ စေလွှတ်ခြင်းခံရသည့်အတိုင်း ပေါလုနှင့်ဗာနဗတို့သည် သေလုကိမြို့သို့ သွား၍ ထိုမှတစ်ဆင့် ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်ကြ၏။
ထို့ကြောင့် ပေါလုနှင့် ဗာနဗတို့သည် ထိုသူတို့အား သတိပေးသည့်အနေဖြင့် ခြေမှဖုန်မှုန့်များကို ခါချ၍ ဣကောနိမြို့သို့ သွားကြ၏။
ဣကောနိမြို့တွင်လည်း ပေါလုနှင့် ဗာနဗတို့သည် ဂျူးဝတ်ပြုဆောင်သို့ ဝင်၍ ဟောပြောသဖြင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုး အမြောက်အမြားသည် ယုံကြည်သက်ဝင်လာကြ၏။
သူတို့သည် ဒေရဗေမြို့တွင် သတင်းကောင်းကို ဟောပြော၍ တပည့်တော်များစွာ မွေးထုတ်ပြီးနောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် ပိသိဒိပြည်ရှိအန္တိအုတ်မြို့သို့ လှည့်ပြန်ကြ၏။
ထိုအကြောင်းကို တမန်တော်တို့သိကြသောအခါ လုကောနိပြည်ရှိ လုတ္တရမြို့၊ ဒေရဗေမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်၍
အသက်လေးဆယ်ပြည့်သောအခါ မိမိ၏ညီအစ်ကိုမောင်နှမများဖြစ်သော အစ္စရေးလူမျိုးတို့အား သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လေ၏။
ကျွန်ုပ်သည် သင်တို့ကိုအလွန်တွေ့မြင်လိုသည်မှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်တို့အား ဝေမျှပေး၍ သင်တို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေရန်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
သို့သော် တိမောသေသည် ယခု သင်တို့ထံက ပြန်ရောက်လာပြီး သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းအကြောင်း သတင်းကောင်းကို ယူဆောင်လာ၏။ သင်တို့သည် ကျွန်ုပ်တို့ကို သတိရတိုင်း ကြည်နူးမှုကို ခံစားရပြီး သင်တို့ကို ကျွန်ုပ်တို့တွေ့ဆုံလိုသကဲ့သို့ ကျွန်ုပ်တို့ကို သင်တို့တွေ့ဆုံလိုကြောင်း တိမောသေပြောပြ၏။
သင်မျက်ရည်ကျသည်ကို သတိရတိုင်း သင့်ကို ကျွန်ုပ်တွေ့လိုလှ၏။ သို့မှသာ ကျွန်ုပ်ဝမ်းမြောက်နိုင်လိမ့်မည်။