သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
တမန်တော်ဝတ္ထု 15:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုနှင့်ဗာနဗသည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အမည်နာမအတွက် မိမိတို့အသက်ကိုပင် စွန့်စားကြသောသူများဖြစ်၏။ Common Language Bible ပေါလုနှင့်ဗာနဗတို့သည်ကား ကျွန်ုပ်တို့ သခင်ယေရှုခရစ်၏အမှုတော်ကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့သူများပင်တည်း။- Judson Bible ငါတို့ချစ်သောဗာနဗ၊ ပေါလုတို့နှင့်တကွ ရွေးကောက်သောသူတို့ကို သင်တို့ဆီသို့စေလွှတ်ခြင်းငှာ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊- |
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
သို့သော် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ဂျူးများရောက်လာ၍ လူထုကို သိမ်းသွင်းပြီးလျှင် ပေါလုအား ကျောက်ခဲနှင့်ပေါက်ကာ သေပြီအထင်ဖြင့် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သူတို့သည် ကျွန်ုပ်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြ၏။ ကျွန်ုပ်တစ်ဦးတည်းသာမက လူမျိုးခြားအသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်ကြ၏။