ထိုအခါ ပေတရုသည် ထိုသူတို့အား အထဲသို့ဖိတ်ခေါ်၍ တည်းခိုစေ၏။ နောက်တစ်နေ့တွင် ထ၍ ထိုသူတို့နှင့်အတူ လိုက်ပါသွားရာ ယုပ္ပေမြို့မှ ယုံကြည်သူတချို့လည်း လိုက်ပါလာကြ၏။
တမန်တော်ဝတ္ထု 15:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပေါလုနှင့် ဗာနဗသည် ထိုသူတို့နှင့် အပြင်းအထန်ဆွေးနွေးငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများသည် ဤပြဿနာကို ဖြေရှင်းရန် ပေါလုနှင့် ဗာနဗတို့အား သူတို့အထဲမှလူအချို့နှင့်တကွ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသင်းတော်အကြီးအကဲများထံ သွားရန် ဆုံးဖြတ်ကြ၏။ Common Language Bible ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ Garrad Bible ပေါ လု နှင့် ဗာ န ဗ တို့ တစ် ဘက် ဆို ခဲ့ သူ တို့ တစ် ဘက် များ စွာ ဆွေး နွေး ငြင်း ခုန် ခြင်း ဖြစ် ပေါ် သ ဖြင့် ညီ အစ် ကို တို့ သည် ပေါ လု နှင့် ဗာ န ဗ ကို သူ တို့ အ နက် အ ချို့ ပါ ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် များ ဥ က္က ဋ္ဌများ ထံ သွား ကြ စေ ရန် စီ မံ ကြ၏။ Judson Bible ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။ |
ထိုအခါ ပေတရုသည် ထိုသူတို့အား အထဲသို့ဖိတ်ခေါ်၍ တည်းခိုစေ၏။ နောက်တစ်နေ့တွင် ထ၍ ထိုသူတို့နှင့်အတူ လိုက်ပါသွားရာ ယုပ္ပေမြို့မှ ယုံကြည်သူတချို့လည်း လိုက်ပါလာကြ၏။
ထို့နောက် ဝိညာဉ်တော်က ကျွန်ုပ်အား မတွန့်ဆုတ်ဘဲ ထိုသူတို့နှင့် လိုက်သွားရန် မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ဦးသည်လည်း ကျွန်ုပ်နှင့်လိုက်ပါ၍ ထိုသူ၏အိမ်သို့ ဝင်ရောက်ကြ၏။
ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူတချို့ကိုရွေးချယ်၍ ကျွန်ုပ်တို့ချစ်ခင်ရသောပေါလု၊ ဗာနဗတို့နှင့်အတူ သင်တို့ထံလွှတ်လိုက်ရန် စိတ်သဘောညီညွတ်စွာ ဆုံးဖြတ်ကြပါ၏။
ထို့ကြောင့် ဤစာတွင် ရေးသားဖော်ပြထားသည့်အကြောင်းအရာများကို သင်တို့အား ပြောပြရန် ယုဒနှင့်သိလကို ကျွန်ုပ်တို့စေလွှတ်ကြ၏။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။
ထို့နောက် သူတို့သည် မြို့များကို ဖြတ်သွားကြစဉ် ဂျေရုဆလင်မြို့ရှိ အသင်းတော်အကြီးအကဲများနှင့် တမန်တော်တို့မှ ဆုံးဖြတ်ထားသောပညတ်တို့ကို ယုံကြည်သူများ လိုက်နာရန် ညွှန်ကြားကြ၏။
နောက်တစ်နေ့တွင် ပေါလုသည် ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံ သွားရောက်တွေ့ဆုံ၏။ အသင်းတော်အကြီးအကဲအားလုံးတို့လည်း ရှိနေကြ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ သုဿင်တို့က
သို့သော် စစ်မှန်သောသတင်းကောင်းသည် သင်တို့ထံ၌ ဆက်၍ တည်နိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။ သို့သော် စစ်မှန်သောသတင်းကောင်းကို သင်တို့အတွက် ဆက်၍ထိန်းသိမ်းနိုင်ရန် ကျွန်ုပ်တို့သည် သူတို့ကို ခဏမျှပင် မလိုက်လျောခဲ့ကြပေ။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။