တမန်တော်ဝတ္ထု 13:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘အို မထီမဲ့မြင်ပြုသောသူတို့… ကြည့်ရှုအံ့ဩ၍ ပျက်စီးရာသို့ရောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ခေတ်ကာလတွင် ငါသည် အမှုတစ်ခုပြုမည်ဖြစ်သောကြောင့်ပင်။ တစ်စုံတစ်ယောက်က ထိုအမှုကို သင်တို့အား ပြောပြလျှင်လည်း လုံးဝယုံကြည်ကြမည်မဟုတ်’ ဟူ၍ ဖြစ်သည်” ဟု ဟောပြောလေ၏။ Judson Bible အကြောင်းမူကား၊ သင်တို့အား သူတစ်ပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြုသည်ဟု ကျမ်းစာ၌ ပါသောအရာကို သင်တို့အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြုကြလော့ဟု ပေါလုဟောပြောလေ၏။ |
လူများသည်လည်း ရပ်လျက် စောင့်ကြည့်နေကြ၏။ ဂျူးခေါင်းဆောင်များက “သူသည် တစ်ပါးသူကိုကယ်၏။ အကယ်၍ သူသည် ဘုရားသခင်ရွေးချယ်သော ခရစ်တော်မှန်လျှင် မိမိကိုယ်ကိုယ်ကယ်တင်ပါစေ” ဟု ယေရှုအား ပြက်ရယ်ပြု၍ ပြောဆိုကြ၏။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားက ကျွန်ုပ်တို့အား ‘သင်တို့သည် ကမ္ဘာမြေအဆုံးတိုင်အောင် ကယ်တင်ခြင်းတရားကို မျှဝေနိုင်ရန် ငါသည်သင်တို့ကို လူမျိုးခြားများအတွက် အလင်းဖြစ်စေရန် ခန့်ထား၏’ ဟု မိန့်တော်မူသည်” ဟူ၍ ဖြစ်၏။
ထိုအခါ သခင်ဘုရားက ‘သွားလော့။ ငါသည် သင့်ကို ရပ်ဝေးရှိလူမျိုးခြားတို့ထံသို့ စေလွှတ်မည်’ ဟူ၍ မိန့်တော်မူသည်” ဟု ပြောလေ၏။
ထိုပရောဖက်၏စကားကို နားမထောင်သောသူရှိသမျှတို့သည် လူမျိုးထဲမှ လုံးလုံးဖယ်ရှားခြင်းကို ခံရလိမ့်မည်’ ဟု ဟော၏။
ကျွန်ုပ်တို့သည် ထိုသူထံမှ ကြားရသည့်အရာမှာ ‘နာဇရက်မြို့သားယေရှုသည် ဤနေရာအရပ်ကို ဖြိုဖျက်ပြီး မောရှေသည် ကျွန်ုပ်တို့အား ပေးခဲ့သောဓလေ့ထုံးတမ်းများကို ပြောင်းလဲစေပါလိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု သက်သေခံစေကြ၏။
လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အိမ်တော်သားတို့ကို ဦးစွာ တရားစီရင်မည့်အချိန်ရောက်လာသောကြောင့်ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့ကို ဦးစွာ တရားစီရင်လျှင် ဘုရားသခင်၏ သတင်းကောင်းကို မနာခံသောသူတို့၏ အဆုံးသတ်သည် မည်သို့ဖြစ်မည်နည်း။