တမန်တော်ဝတ္ထု 6:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ကျွန်ုပ်တို့သည် ထိုသူထံမှ ကြားရသည့်အရာမှာ ‘နာဇရက်မြို့သားယေရှုသည် ဤနေရာအရပ်ကို ဖြိုဖျက်ပြီး မောရှေသည် ကျွန်ုပ်တို့အား ပေးခဲ့သောဓလေ့ထုံးတမ်းများကို ပြောင်းလဲစေပါလိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု သက်သေခံစေကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 နာဇရက်မြို့သားယေရှုသည်ဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့ သည့်ထုံးတမ်းစဉ်လာများကိုပြောင်းလဲစေ လိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏'' ဟုထွက်ဆို ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 နာ ဇ ရက် မြို့ သား ယေ ရှု ဆို သူ သည် ဤ ဌာ န တော် ကို ဖြို ဖျက်၍ မော ရှေ အပ် ပေး သော ထုံး နည်း များ ကို လွှဲ ပြောင်း လိမ့် မည် ဟူ သော စ ကား ကို ကျွန်ုပ် တို့ ကြား ပါ သည် ဟု ပြော စေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာနတော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 အကြောင်းမူကား ဤသူက ‘နာဇရက်မြို့သားယေရှုသည် ဤနေရာကိုဖျက်ဆီး၍ အကျွန်ုပ်တို့အား မောရှေပေးအပ်ခဲ့သည့်ဓလေ့ထုံးစံတို့ကို ပြောင်းလဲစေလိမ့်မည်’ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါသည်”ဟု ထွက်ဆိုစေကြ၏။ အခန်းကိုကြည့်ပါ။ |
သုံးရက်ကြာသော် ပေါလုသည် ဂျူးခေါင်းဆောင်များကို စုဝေးစေ၏။ သူတို့ရောက်ရှိလာသောအခါ ပေါလုက “ညီအစ်ကိုတို့… ကျွန်ုပ်သည် မိမိလူမျိုးကိုလည်းကောင်း၊ ဘိုးဘေးတို့၏ထုံးတမ်းစဉ်လာများကိုလည်းကောင်း ဆန့်ကျင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြုလုပ်ခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် ဖမ်းဆီးခံရ၍ ရောမအစိုးရလက်သို့ အပ်နှံခံရ၏။
သို့ဖြစ်လျှင် ပညတ်တရားကို အဘယ်ကြောင့် ပေးထားသနည်း။ ပညတ်တရားကို ပေးထားရခြင်းမှာ အပြစ်၏ သဘောသဘာဝကို ဖော်ပြရန်ဖြစ်ပြီး ကတိတော်ကို ရရှိသော အမျိုးအနွယ် မပေါ်မီကာလတိုင်အောင် ထားရှိမည်ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များဖြင့် ကြားဝင်စေ့စပ်သူ မောရှေထံမှတစ်ဆင့် ပေးအပ်တော်မူ၏။